Thursday, June 1, 2023
HomeLIFEနှာခေါင်းအေးစက်ခြင်းကို ခံစားရစေတဲ့ နောက်ကွယ်က အကြောင်းအရင်းများ

နှာခေါင်းအေးစက်ခြင်းကို ခံစားရစေတဲ့ နောက်ကွယ်က အကြောင်းအရင်းများ

တစ်ခါတစ်လေမှာ ကိုယ့်နှာခေါင်းအေးစက်မှုကို ခံစားရတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်ပေါ်ရခြင်းက ခန္ဓာကိုယ်ရဲ့ အခြေအနေတစ်ချို့ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

နှာခေါင်းမှာ သွေးစီးဆင်းမှုနည်းခြင်း

အေးစက်တဲ့ အခန်းအပူချိန်မျိုးမှာ အချိန်အကြာကြီးနေမိတဲ့အခါ ခန္ဓာကိုယ်ကနေ အပူချိန်ကိုထိန်းထားဖို့ ကြိုးစားတတ်ပါတယ်။ ဒီလိုကြိုးစားတဲ့အခါ ခြေဖျား၊ လက်ဖျား၊ နှာခေါင်းစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ သွေးစီးဆင်းမှုကို လျော့ချလိုက်တာပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့် အရမ်းချမ်းနေတဲ့အခါ နှာခေါင်းတွေအေးစက်လာတတ်တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပူပူနွေးနွေး တစ်ခုခုသောက်ပေးခြင်းက ပြန်လည်နွေးလာစေပါတယ်။

အလုပ်အလွန်အကျွံလုပ်ခြင်း

woman leaning on her table
Photo by Marcus Aurelius on Pexels.com

Nottingham University ရဲ့လေ့လာချက်အရ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ ဦးနှောက်ရဲ့ စိတ်ဖိစီးမှုတွေဟာ ဆက်နွယ်နေတယ်လို့ သိရပါတယ်။ အလုပ်တွေ အလွန်အကျွံလုပ်မိပြီး စိတ်ဖိစီးမှုတွေ များလွန်းတဲ့အခါမှာ မျက်နှာတွေအေးစက်လာတတ်ပြီး အထူးသဖြင့် နှာခေါင်းတွေအေးစက်မှုကို ခံစားရနိုင်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုတွေ

nature sunset fashion people
Photo by RODNAE Productions on Pexels.com

စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုတွေ ခံစားနေရတဲ့အချိန်မှာ သွေးကြောတွေ ကျဉ်းသွားစေတဲ့အတွက် ခြေဖျား၊ လက်ဖျား၊ နှာခေါင်းစတဲ့ နေရာတွေကို သွေးရောက်ရှိမှု နည်းသွားစေပါတယ်။ ဒါက နှာခေါင်းတွေ အေးစက်တာ၊ ထုံကျင်တာမျိုးကို ခံစားရစေတာပဲ ဖြစ်ပါတယ်။

ဟော်မုန်းမညီမျှခြင်း

ခန္ဓာကိုယ်ကနေ thyroid hormones လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်တွေဟာ နှေးကွေးသွားစေတတ်ပါတယ်။ ဒီလိုနှေးကွေးသွားခြင်းက ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲစေလို့ နှာခေါင်းအေးစက်တာမျိုးကို ခံစားရတာပဲဖြစ်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: