Friday, September 22, 2023
HomeUncategorizedOnline Dating တွေမှာ အဆင်ပြေစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းများ

Online Dating တွေမှာ အဆင်ပြေစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းများ

အွန်လိုင်းချိန်းတွေ့မှုဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံးသောတီထွင်မှုဖြစ်ပါတယ်။စဉ်းစားကြည့်ပါ။ဒါဟာ လိင်ပိုင်းဆိုင်ရာ အတွက် အွန်လိုင်းမှာ ဈေးရောင်းဈေးဝယ်လုပ်နေတာနဲ့တူပါတယ်။ ပရိုဖိုင်တွေကိုလျှောက်ကြည့်ပြီး သင်သဘော ကျတဲ့သူတစ်ဦးကိုစကားသွားပြောမယ်။ ကံကောင်းရင်တော့ သင်စကားသွားပြောတဲ့သူက သင့်ကိုပြန်ပြီးစကားပြောပါ လိမ့်မယ်။အဲ့ဒီကနေမှတစ်ဆင့် အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုဖန်တီးလို့ရပါလိမ့်မယ်။

တစ်ကယ်တော့ ဒါဟာ ပျော်ပွဲရွှင်ပွဲမှာကစားတဲ့ကစားနည်းတစ်ခုလိုပါပဲ။ဒါပေမယ့် ပစ်မှတ်ကိုဆက်တိုက်ပစ်နေပေမယ့် လည်း ထိချင်မှထိမှာပါ။တစ်ကယ်တော့ Online dating ဆိုတာဟာ စိတ်ပျက်စရာကောင်းပြီး၊ လူတွေကိုဒုက္ခပေးတဲ့ အရာတစ်ခုဖြစ်တာကြောင့် မကျွမ်းကျင်ပဲနဲ့ Online dating လုပ်မယ်ဆိုရင် သင်ဟာနောက်ဆုံး လက်ဗလာနဲ့သာ ကျန်ရစ်ခဲ့မှာအမှန်ပါပဲ။ဒါ့ကြောင့် Online dating ဝက်ဘ်ဆိုက်ပေါင်းများစွာကို (၁၀)နှစ်နီးပါးရင်းနှီးခဲ့တဲ့ အင်တာနက် ချိန်းတွေ့မှုပေါင်း(၆၀)ကျော်ကိုလုပ်ဆောင်ထားတဲ့ ကျွမ်းကျင်သူတစ်ဦးက ဒီလိုအရှုံးတွေနဲ့ရင်မဆိုင်ရဖို့ကို Online dating မှာ ကောင်းမွန်တဲ့အခြေအနေတွေပိုင်ဆိုင်နိုင်မယ့်နည်းလမ်းတွေအကြောင်းကိုပြောပြခဲ့ပါတယ်။

အဓိကက သင့်ရဲ့ပရိုဖိုင်ဓာတ်ပုံပဲဖြစ်ပါတယ်။

online dating တော်တော်များများမှာရေးထားတဲ့ဆောင်းပါးတွေကတော့ သင်ရေးမယ့်ပထမဆုံးစာဟာ သင့်အတွက်အရေးကြီးကြောင်းကိုပြောထားကြပါလိမ့်မယ်။ဒါပေမယ့် ဒါဟာ အလုံးစုံကြီးမှန်နေတာတော့မဟုတ် ပါဘူး။ တစ်ကယ်တန်းမှာတော့ သင်ရေးပြီးပို့မယ့်စာထက် သင့်ရဲ့ပရိုဖိုင်းဓာတ်ပုံကသာ ပိုအရေးကြီးပါတယ်။ online dating တော်တော်များများမှာ စာကိုအဓိကအရင်မဖတ်ကြည့်ပဲ သင့်ရဲ့ပရိုဖိုင်ဓာတ်ပုံကိုအရင်ကြည့်ပြီး ဆုံးဖြတ်ကြ တာများပါတယ်။

ပရိုဖိုင်စာသားတွေကလည်း စိတ်ဝင်စားစရာကောင်းဖို့လိုအပ်ပါတယ်။

သင့်ရဲ့ပရိုင်ဖိုင်မှာ သင့်အကြောင်းရေးတဲ့သတင်းအချက်အလက်က တစ်ကယ်တော့သိပ်အရေးမကြီးပါဘူး။ အဓိကက သင်ဟာ ရိုးသားတဲ့သူတစ်ယောက်ဖြစ်နေဖို့ပဲလိုပါတယ်။ သင်ဟာရိုးသားတဲ့သူဆိုတာကို အကောင်းဆုံးပြတဲ့ နည်းလမ်းကတော့ သင့်ပရိုဖိုင်မှာ ကြွားဝါတဲ့ပုံစံ၊ လူအထင်ကြီးအောင်ပြောထားတာတွေမလုပ်ပဲ ကိုယ်နဂိုရှိရင်းစွဲပုံစံ အတိုင်းရိုးရိုးသားသားနဲ့ရှိနေဖို့ပဲလိုပါတယ်။ ဒါဟာ သင့်ရဲ့ CV ဖောင်လည်းမဟုတ်ပါဘူး၊ အင်တာဗျူးလည်း မဟုတ်တာကြောင့် ကိုယ့်ကိုကိုယ် လူအထင်ကြီးအောင်လုပ်ပြစရာမလိုပါဘူး။

ပထမဆုံးပြောတဲ့အကြောင်းအရာကလည်း အရေးကြီးပါတယ်။

သင့်ရဲ့ပရိုဖိုင်ကိုသင့်တင့်တဲ့ပုံကိုထားပြီးပြီဆိုရင်တော့ စကားပြောတဲ့ဘက်ကိုသွားမယ်ပေါနော်။ တစ်ခြားသူ တစ်ယောက်ကို ကိုယ်ကစပြီးစကားသွားပြောမယ်ဆိုပါစို့။ ဘာမှခက်ခက်ခဲခဲစဉ်းစားပြီးတွေးမနေပါနဲ့။ရိုးရိုးသားသားပဲ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့အံဝင်ဂွင်ကျဖြစ်မယ့်စကားပြောဆိုသင့်ပါတယ်။ စကားပြောတဲ့နေရာမှာလည်း ဥပမာ အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်ကို အရမ်းလှတာပဲသွားပြောရင် တစ်ဖက်လူကလည်း ဒါတော့ ငါလည်းသိတာပေါ့ဆိုတာမျိုးတွေပြန်တုန့်ပြန်တတ်ပါတယ်။ဒီလိုမဟုတ်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့မိန်းကလေးတစ်ယောက်ကို အရမ်းလှတာပဲလို့သွားပြောပြန်ရင်လည်း ဒါဟာ သူ့ကိုသပ်သပ်နှိမ်တာ၊ စတာလို့အထင်ခံရတာနိုင်တာကြောင့် ရိုးရိုးသာမာန်စကားလေးတွေသာ စပြောသင့်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဘာလုပ်နေလဲလို့ပေါ့နော်။ အဲ့လိုကနေမှတစ်ဆင့် ရင်းနှီးမှုရမှာသာ သူ့အကြိုက် ကိုယ့်အကြိုက်သိပြီး စကားတွေဖလှယ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံးတွေ့ဆုံမှုမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုရင်းနှီးအောင်လုပ်မလဲ။

ပထမဆုံး ဒိတ်လုပ်တဲ့အခါ ကြောင်စီစီကြီးနဲ့ ကို့ရို့ကားယားမနိုင်စေဖို့ အရင်ကတည်းက ဗီဒီယိုကောလေးတွေ ပြောပေးထားရင်တော့ ပိုကောင်းတာပေါ့။ ဒါမှ သူ့ရုပ်၊ ကိုယ့်ရုပ်ကို ဓာတ်ပုံတွေထဲကလို filter တွေနဲ့ မဟုတ်ဘဲ အရှိအရှိအတိုင်း မြင်တွေ့ပြီးသားဖြစ်သွားကာ ပိုပြီး ယုံကြည်မှုရှိစေမှာပါ။ နောက်စကားပြောတဲ့အခါမှာလည်း သတိရတိုင်း ပြုံးပေး၊ ရယ်ပေးပါနော်။

နောက်ဆုံးမှတ်ထားရမယ့် အရေးကြီးတဲ့အချက်တစ်ချို့..

အင်တာနက်ကနေတစ်ဆင့်တွေ့ပြီးနောက် အပြင်မှာချိန်းတွေ့ကြတဲ့အခါ ထိတ်လန့်ဖွယ်ဇာတ်လမ်းတွေဖြစ်သွားတာကို သင်လည်းသိမှာပါ။ဒါပေမယ့် ဒါဟာအရမ်းကိုရှားပါးတဲ့ဖြစ်ရပ်တွေဖြစ်ကြောင့် အရမ်းတော့စိတ်ပူစရာမရှိပါဘူး။ ဘာလို့ဆို အွန်လိုင်းမှာတွေ့ပြီး အပြင်မှာတွေ့ဆုံဖို့ချိန်းတဲ့အခါ ကိုယ့်ကိုချိန်းဆိုလာတဲ့သူရဲ့ပြောကြားတဲ့တည်နေရာပေါ် မူတည်ပြီး ဒီလူနဲ့တွေ့သင့်၊ မတွေ့သင့်ကို သင်ဆုံးဖြတ်နိုင်ပါတယ်။ပထမဆုံးတွေ့ဆုံမှုမှာ ကလပ်တို့လို ဘားလိုနေရာ မျိုးတွေကိုချိန်းဆိုခဲ့မယ်ဆိုရင် အဲ့ဒီလိုလူမျိုးကိုသွားရောက်မတွေ့ဆုံသင့်ပါဘူး။ ဒါ့ကြောင့် ပထမဆုံးတွေ့ဆုံမှုမတိုင်ခင် ကို သင့်မှာအရာအားလုံးဆုံးဖြတ်ခွင့်၊ စစ်ဆေးခွင့်တွေရှိတာကြောင့် အဲ့လူနဲ့တွေ့ဆုံသင့်လား၊ မတွေ့ဆုံသင့်ဘူးလားဆို တာ သင်ဆုံးဖြတ်လို့ရနိုင်ပါတယ်။

Thae Su

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: