Friday, September 22, 2023
HomeKIDSကလေးတွေ ငယ်ရွယ်စဉ်မှာ မိဘတွေလိမ်ညာပြောဆိုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ

ကလေးတွေ ငယ်ရွယ်စဉ်မှာ မိဘတွေလိမ်ညာပြောဆိုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ

မိဖတွေက သားသမီးတွေကို သူတို့ဖြစ်ချင်တဲ့အရာတွေအတွက် လိမ်ညာတာမျိုး လုပ်တတ်ကြပါတယ်။ ကလေးတွေ ပိုစကားနားထောင်လာအောင် ဥပမာ – ဆေးခန်းမသွားချင်တဲ့ ကလေးကို လိမ်ပြီး ခေါ်သွားတာမျိုး၊ တစ်ခုခုအတွက် ခြောက်တတ်တာမျိုးက ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ အကျင့်ဆိုးတွေ ပါလာနိုင်ပါတယ်။

အကြောက်တရားကြီးလွန်းတယ်

woman in blue long sleeve shirt sitting on brown wooden table
Photo by cottonbro on Pexels.com

တစ်ခုခုဆို ဘာဖြစ်မယ်၊ ဘယ်လိုတွေဆိုပြီး ကလေးတွေကို ခြောက်တာများလာတဲ့အခါ ကလေးရဲ့စိတ်ထဲမှာ အလွယ်တကူ ကြောက်တတ်တဲ့ စိတ်ကစွဲကပ်ပါလာတတ်ပါတယ်။ ဒါက ဘာကိုမှ မလုပ်ရဲမကိုင်ရဲပဲ တစ်ခုခုဆို ကြောက်ရမယ်ဆိုတာပဲ သိနေတော့တာဖြစ်ပါတယ်။

မိဖတွေကို မယုံကြည်တော့ဘူး

backview of girl holding plush toy while walkingon dirt road
Photo by Pixabay on Pexels.com

ကလေးတွေဟာ မကြာခဏ အလိမ်ခံရတာများလာတဲ့အခါ မိဖတွေရဲ့စကားကို မယုံကြည်ဖြစ်လာတတ်ပါတယ်။ ဒါက အသက်အရွယ်ကြီးရင့်တဲ့အထိ ပါသွားတတ်ပြီး မိဖတွေဘာပဲပြောပြော အားလုံးက ယုံကြည်စရာမကောင်းဘူးလို့ သတ်မှတ်ထားတတ်တာပါပဲ။ ဒါက မိဖနဲ့ သားသမီးရဲ့ ဆက်ဆံရေးကို ထိခိုက်လာစေပါတယ်။

လိမ်ညာတတ်လာတယ်

little boys in brown shirts standing while talking to the woman holding a book
Photo by AV RAW on Pexels.com

ကလေးဆိုတာ သူတို့ရဲ့ မြင်သမျှ၊ ကြားသမျှကို လိုက်သင်ယူတတ်ကြတာပါ။ ဒီတော့ မိဖတွေရဲ့ လိမ်ညာခြင်းကို ခံရတဲ့အခါ သူတို့ဟာလည်း လိမ်ညာတတ်တဲ့အကျင့်ကို သင်ယူရင်း ကြီးပြင်းလာတတ်ကြပါတယ်။ ဒါက ကလေးတွေကနေ လူကြီးတွေဖြစ်လာတဲ့အထိ လိမ်ညာတတ်ခြင်းက အကျင့်တစ်ခုလို စွဲပါသွားတတ်တာပဲ ဖြစ်ပါတယ်။

သူတို့အတွက် ခက်ခဲလာနိုင်တယ်

three toddler eating on white table
Photo by Naomi Shi on Pexels.com

လိမ်ညာခြင်းဆိုတာ ဘယ်အရာမှမကောင်းပါဘူးနော်။ အရာရာမှာ လိမ်ညာနေတတ်တဲ့ သူတစ်ယောက် အပေါင်းအသင်းတွေကြားမှာ၊ တစ်ခြားသော နေရာတွေမှာ လိမ်ညာတတ်တဲ့သူဆိုတဲ့ တံဆိတ်အကပ်ခံံရပြီး ဘယ်သူကမှ ယုံကြည်မပေးကြတော့ပါဘူး။ ဒါက သူတို့ရဲ့ ဘဝတွေအတွက် အတော်လေးထိခိုက်မှု ဖြစ်သွားစေနိုင်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: