Monday, May 29, 2023
HomeLIFEအသားအရေ ကျန်းမာလှပစေဖို့ ကိုးရီးယားမလေးတွေ လုပ်လေ့ရှိတဲ့ နည်းလမ်းတွေ

အသားအရေ ကျန်းမာလှပစေဖို့ ကိုးရီးယားမလေးတွေ လုပ်လေ့ရှိတဲ့ နည်းလမ်းတွေ

အသားအရေလေး လှပနေရင် မိတ်ကပ်မပါပဲတောင် ကြည့်ကောင်းစေပါတယ်နော်။ ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် အမြဲတမ်း ကြည့်ကောင်းလှပနေစေဖို့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက ကိုးရီးယားမလေးတွေ အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်နော်။

The 10-second rule

pexels-photo-1061133.jpeg
Photo by Miguel Á. Padriñán on Pexels.com

အသားအရေကို သန့်ရှင်းပြီး ပိုထိထိရောက်ရောက် အားဖြည့်ပေးနိုင်ဖို့ မျက်နှာသစ်ပြီး သုံးမိနစ်အတွင်းမှာ လိုအပ်တဲ့ skin care cream တွေကို လိမ်းပါတယ်။ နောက်ပြီး moisturizer ကို ဆယ့်စက္ကန့်လောက် အချိန်ယူပြီး အသားထဲစိမ့်ဝင်အောင် လိမ်းတတ်တာပဲ ဖြစ်ပါတယ်။ ဒါက မျက်နှာသစ်ပြီး အသားအရေအတွက် လိုအပ်တဲ့ အဟာရတွေကို ထိထိရောက်ရောက် ပြန်ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။

ရေနွေးတဘတ်နဲ့ နှိပ်နှယ်ခြင်း

three towels on brown wooden rack
Photo by Castorly Stock on Pexels.com

ရေနွေးထဲမှာစိမ်ထားတဲ့ တဘတ်ကိုယူပြီး သန့််စင်ထားတဲ့ မျက်နှာပေါ်မှာ ဖုံးအုပ်ကာ ဆယ့်ငါးမိနစ်လောက် ညင်သာစွာနှိပ်ပေးလိုက်ပါ။ ပြီးရင် အသားအရေကို အဟာရဖြည့်ပေးမယ့် ဆီတစ်မျိုးမျိုး လိမ်းပေးခြင်းက မျက်နှာရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ချွေးပေါက်တွေကို ပွင့်စေကာ အသားအရေကို အသက်ရှုနိုင်အောင် ကူညီပေးပါတယ်။

Seaweed mask

crop asian man removing sheet mask from face
Photo by Monstera on Pexels.com

ကိုးရီးယားမလေးတွေဟာ ရေညှိအပြားတွေကိုအသုံးပြုပြီး  မျက်နှာပေါင်းတင်လေ့ရှိကြပါတယ်။ ရေညှိအပြားအခြောက်ကို ရေနွေးထဲထည့်စိမ် သို့ ရေညှိအစိုကို အသုံးပြုပြီး မျက်နှာမှာ ဆယ့်ငါးမိနစ်ခန့် ကပ်ထားခြင်းက မျက်နှာအသားအရေရဲ့ လိုအပ်တဲ့ ဗီတာမင်တွေကို ဖြည့်ပေးပြီး အသားအရေကို နုပျိုစေနိုင်ပါတယ်။

ပဲနို့

photo of sliced tofu on bowl
Photo by Polina Tankilevitch on Pexels.com

အာရှနိုင်ငံတွေမှာ နှစ်ခြိုက်စွာစားသောက်လေ့ရှိကြတဲ့ ပဲနို့ဟာ အလှအပရေးရာအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်နော်။ အဝတ်စသန့်သန့် တစ်ခုကို ပဲနို့မှာနှစ်ပြီး မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ခန့်လောက် ထားထားပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးခြင်းက အသားအရေကို တင်းရင်းနုပျိုလာစေမှာ ဖြစ်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: