Friday, September 22, 2023
HomeLIFEသင့်ချစ်သူက ဒီလိုတွေဆက်ဆံနေရင် အမြန်ဆုံးလမ်းခွဲလိုက်ပါတော့

သင့်ချစ်သူက ဒီလိုတွေဆက်ဆံနေရင် အမြန်ဆုံးလမ်းခွဲလိုက်ပါတော့

မိန်းကလေးတိုင်းဟာ သည်းသည်းလှုပ်အချစ်ခံဖို့ ထိုက်တန်တဲ့သူတွေချည်းပါပဲ။ သင်ဟာ ဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သင့်အတွက် စစ်မှန်တဲ့ယောကျ်ားတစ်ယောက်ဆိုတာ သင့်ကို တန်ဖိုးထားပြီးချစ်မြတ်နိုးသွားမှာပါ။ အကယ်၍ ယောကျ်ားတစ်ယောက်ဟာ သင့်ကို ဒီလိုပုံစံတွေနဲ့ ဆက်ဆံခဲ့ရင် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

(၁) အများထဲကတစ်ယောက်လိုဆက်ဆံရင်

selective focus photography of several people cheering wine glasses
Photo by cottonbro on Pexels.com

ယောကျ်ားတစ်ယောက်ဟာ သင့်ကို အများထဲကတစ်ယောက်လို ဆက်ဆံရင် ချက်ချင်းလမ်းခွဲလိုက်ပါ။ သင်မရှိလည်း သူ့ကိုလိုချင်တဲ့ မိန်းကလေးတွေမှ တန်းစီနေတာပဲ ဆိုတာမျိုး၊ သင်တစ်ယောက်လုံးရှိနေတာတောင် အခြားမိန်းကလေးတွေကိုလည်း တန်းတူအခွင့်အရေးပေးပြီး ဆက်ဆံနေတာမျိုးဆိုရင်တော့ ဝေးဝေးသာရှောင်လိုက်ပါတော့။ သင်ဟာ သူနဲ့ မထိုက်တန်ပါဘူး။

(၂) သင့်မှာအားနည်းချက်တွေရှိနေသလို ဆက်ဆံရင်

သင့်ကိုတကယ်ချစ်တဲ့ယောကျ်ားတစ်ယောက်ဟာ သင့်မှာ ဘယ်လောက်ပဲအားနည်းချက်တွေရှိရှိ အဲဒီ့အားနည်းချက်တွေကြောင့် အချစ်တွေပေါ့သွားမှာမဟုတ်ပါဘူး။ အကယ်၍ယောကျ်ားတစ်ယောက်ဟာ သင့်ကိုလေးလေးနက်နက်တန်ဖိုးထားပြီး မချစ်ဘူး၊ အကြောင်းရင်းက သင့်မှာအားနည်းချက်တွေရှိနေလို့ဆိုတာမျိုး၊ ဒီထက်ပိုလှလာအောင်၊ ပိုတော်ပိုကောင်းလာအောင် ကြိုးစားသင့်လို့ဆိုတာမျိုးဆိုရင်တော့ ချက်ချင်းသာ လမ်းခွဲလိုက်ပါတော့။

(၃) အစားထိုးလွယ်တယ်လို့ ဆက်ဆံခဲ့ရင်

သင့်ချစ်သူဟာ သင့်ကို လေးနက်မှုမရှိဘူးဆိုတာကို လွယ်လွယ်အစားထိုးတတ်တဲ့အကျင့်နဲ့ ဆုံးဖြတ်လို့ရပါတယ်။ သင်မရှိလည်း အေးဆေးဆိုတာမျိုး၊ သင်နဲ့ဝေးနေတာတောင် သတိရဖို့မသိတာမျိုး၊ သင်မရှိလည်း တခြားတစ်ယောက်ယောက်နဲ့ အချိန်ကုန်ဆုံးသူမျိုးဆိုရင်တော့ ဘာမှစဉ်းစားမနေတော့ပဲ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

(၄) သင်ပဲအမြဲမှားနေသလို ခံစားရစေသူ

woman and man wearing brown jackets standing near tree
Photo by Vera Arsic on Pexels.com

ယောကျ်ားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင် အလျှော့ပေးပါတယ်။ သင့်ဖက်က မှားနေသည့်တိုင်အောင် မမှားပါဘူးလို့ ပြောပေးတတ်တာမျိုးပေါ့။ ဒါပေမယ့် သင့်ချစ်သူဟာ အဆိုးတွေဖြစ်လာတိုင်း သင့်အမှားတွေလို့ပဲပြောဆိုနေတတ်ပြီး သင်သည်သာ အမြဲတမ်း အပြစ်ရှိသူတစ်ယောက်လို ခံစားရစေတယ်ဆိုရင်တော့ သူ့ကိုသင် အမြန်ဆုံးလမ်းခွဲလိုက်သင့်ပါပြီ။

(၅) နှိုင်းယှဉ်ပြီးပြောလာတယ်

ယောကျ်ားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ပြီဆိုရင် ထိုမိန်းကလေးသည်သာ သူ့အတွက် တန်ဖိုးအရှိဆုံးဖြစ်သလို၊ သူ့တစ်ယောက်တည်းကိုပဲ မျက်လုံးထဲမှာ မြင်တော့တာပါ။ ဒီလိုမှမဟုတ်ပဲ သင့်ချစ်သူဟာ သင့်ကို တခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်ပြီး အမြဲအပြစ်ပြောတာမျိုး၊ နှိမ်တာမျိုး၊ အထင်အမြင်သေးပြီး စော်ကားရာရောက်တဲ့ စကားတွေပြောတာမျိုး လုပ်တတ်တယ်ဆိုရင်တော့ ချက်ချင်းသာလမ်းခွဲလိုက်ပါတော့။ သင်နဲ့ လုံးဝကို မထိုက်တန်တဲ့သူပါ။

Em Em

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: