Monday, December 11, 2023
HomeBEAUTYသူမရဲ့ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူရဲ့ဝေဖန်မှုကြောင့် ခြေထောက်တွေကို 5.5 လက်မအထိ ပိုရှည်အောင်လုပ်ခဲ့တဲ့ အမျိုးသမီး

သူမရဲ့ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူရဲ့ဝေဖန်မှုကြောင့် ခြေထောက်တွေကို 5.5 လက်မအထိ ပိုရှည်အောင်လုပ်ခဲ့တဲ့ အမျိုးသမီး

လူအများစုဟာ သူတို့ရဲ့ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်ပြီး စိတ်မလုံခြုံမှုတွေ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားတတ်ကြရပါတယ်။ လူတစ်ယောက်ရဲ့ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်လာရင် အရပ်အမြင့်ဟာ ပုံမှန်အားဖြင့် ပြောင်းလဲနိုင်တဲ့အရာ မဟုတ်ပါဘူး။ လူတွေမွေးဖွားလာတဲ့အချိန်မှာ အရပ်ရှည်တယ်၊ ပုတယ်ဆိုတာက သူတို့ရဲ့မျိုးရိုးဗီဇတွေနဲ့ အများအားဖြင့် သက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမရဲ့အရပ်အမြင့်ကို မနှစ်သက်တဲ့ အမျိုးသမီးတစ်ဦးကတော့ အရပ်ပိုရှည်ချင်တာကြောင့် ပြောင်းလဲမှုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူအများမျက်စိကျလောက်စရာ ငွေပမာဏဖြစ်တဲ့ ပေါင် 130,000 အကုန်အကျခံကာ ဂျာမန်မော်ဒယ် Theresia Fischer က သူမရဲ့ခြေထောက်တွေကို 5.5 လက်မ ပိုရှည်လာအောင် ခက်ခဲပြီးစိန်ခေါ်မှုများတဲ့ ခွဲစိတ်မှုတစ်ခုကို ခံယူခဲ့ပါတယ်။ ခွဲစိတ်မှုတွင် ခြေထောက်တွေထဲကို သတ္တုချောင်းတွေထည့်သွင်းခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ သူမရဲ့အရပ်ဟာ ခြောက်ပေအထိမြင့်သွားခဲ့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက အမျိုးသမီးဟာ သူမဒီလိုမလုပ်ခဲ့ရင်ကောင်းမယ်လို့ နောင်တရနေခဲ့တာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုလုပ်ဆောင်ဖြစ်အောင် တွန်းပို့ခဲ့တာကတော့ သူမခင်ပွန်းဟောင်းက သူမရဲ့ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်ပြီး အဆက်မပြတ်ပေးခဲ့တဲ့ မှတ်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

image source: theresiafischer / Instagram

အင်တာဗျူးတစ်ခုတွင် အသက် 31 နှစ်အရွယ်မော်ဒယ်က သူမရဲ့ခင်ပွန်းဟောင်းက သူမရဲ့အသွင်အပြင်ကို မပြောင်းလဲမချင်း မရပ်မနားနှောင့်ယှက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ သူမဟာ အမြဲတမ်းပျော်ရွှင်နေတဲ့သူဖြစ်ပြီး ဒီလိုခွဲစိတ်မှုတွေ ရှိတယ်ဆိုတာတောင် မသိခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူက သူမကို “Theriesia ငါက မိန်းမအကြီးကြီးတွေကြိုက်တာကို မင်းသိလား၊ မင်းဒီလိုလုပ်ရင် ငါတကယ်သဘောကျမှာ၊ မင်း 14 စင်တီမီတာလောက် ပိုရှည်လာမှာလေ၊ မင်း ငါမပါဘဲ ဘာမှလုပ်တတ်မှာမဟုတ်ပါဘူး၊ မင်းငါ့ကိုလိုတယ်” ဆိုတဲ့စကားတွေကို အကြိမ်ကြိမ်ပြောကြားခဲ့တာကြောင့် Theriesia ဟာ နောက်ပိုင်းတွင် သူမဟာဘာမှမဟုတ်တဲ့ဖြစ်တည်မှု ဆိုတာကို စတင်ယုံကြည်လာမိခဲ့တာ ဖြစ်ပါတယ်။

image source: theresiafischer / Instagram

Theriesia က ဆက်လက်ပြီး “ကျွန်မရဲ့ပုံစံလေးနဲ့ပဲ ပျော်ရွှင်နေခဲ့တာကြောင့် အဲဒါမျိုးတစ်ခါမှ မလုပ်ခဲ့ဖူးဘူး မလုပ်သင့်တဲ့ ခွဲစိတ်မှုကိုလုပ်ဆောင်ဖို့ သဘောတူခဲ့တဲ့အတွက် တကယ့်ကိုအရှက်ရမိပါတယ်” ဟု ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ဝေဖန်မှုကိုခံခဲ့ရပါတယ်။ “အခုအချိန်မှာတော့ ကျွန်မရဲ့ခြေထောက်တွေနဲ့ ပျော်ရွှင်ကျေနပ်မှုကို ပြန်ခံစားလာရပေမဲ့ အင်တာနက်ပေါ်မှာတော့ အမုန်းလှိုင်းတွေရိုက်ခတ်ခဲ့ပါတယ် ဒါကကျွန်မကို အရမ်းနာကျင်စေတယ်” ဟု ပြောပြခဲ့ပါတယ်။

image source: theresiafischer / Instagram
RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d