Friday, September 22, 2023
HomeLIFEအရိုးစွပ်ပြုတ်စားပေးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ

အရိုးစွပ်ပြုတ်စားပေးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ

စွပ်ပြုတ်အမျိုးမျိုးရှိပြီး အဲဒီထဲကမှ အရိုးစွပ်ပြုတ်တွေ စားပေးခြင်းက ကောင်းကျိုးတွေများစွာ ရှိလို့နေပါတယ်။ အရိုးစွပ်ပြုတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရမ်းကို အထောက်အကူဖြစ်စေတဲ့အရာဖြစ်လို့ မကြာခဏ စားသောက်ပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

အရိုးအဆစ်နာကျင်ခြင်းတွေကို သက်သာစေတယ်

a woman having a knee pain
Photo by Kindel Media on Pexels.com

အရိုးစွပ်ပြုတ်တွေမှာ collagen ပါဝင်နေပြီး ဒါဟာခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါက အရိုးနဲ့ ကြွက်သားတွေကို ကာကွယ်ပေးပြီး အရိုးအဆစ်တွေကို ပိုမိုကျန်းမာစေပါတယ်။ ဒါကြောင့် အရိုးစွပ်ပြုတ်ဟာ အရိုးအဆစ်တွေ သန်မာကြံ့ခိုင်စေတာမို့ အသက်အရွယ်မရွေး သောက်ပေးသင့်ပါတယ်နော်။

အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

photography of woman in pink tank top stretching arm
Photo by Nathan Cowley on Pexels.com

စောစောကပြောခဲ့သလို အရိုးစွပ်ပြုတ်မှာ collagen ပါဝင်မှုများတဲ့အတွက် အသားအရေ ပျက်စီးမှုတွေ၊ အိုမင်းရင့်ရော်မှု၊ အရေးအကြောင်းဖြစ်မှုတွေကို လျော့နည်းစေပါတယ်။ နောက်ပြီး ရေဓာတ်ကိုပြည့်ဝစေပြီး အသားအရေကို နုပျိုလှပစေပါတယ်။

အူလမ်းကြောင်းကို ကျန်းမာစေတယ်

man in white shirt suffering from a stomach pain
Photo by cottonbro on Pexels.com

အရိုးစွပ်ပြုတ်စားပေးခြင်းက အူလမ်းကြောင်းကို ကျန်းမာစေပြီး အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကောင်းမွန်စေပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ amino acid က ရောင်ရမ်းနာကျင်ခြင်းတွေ၊ အဝလွန်ခြင်း၊ ဆီးချိုနဲ့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကောင်းမွန်စွာ အိပ်ပျော်စေတယ်

photo of sleeping man
Photo by Andrea Piacquadio on Pexels.com

အရိုးစွပ်ပြုတ်မှာ glycine ပါဝင်နေပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အတွက် အချိန်တိုအတွင်းမှာ အိပ်ပျော်စေနိုင်တာပဲ ဖြစ်ပါတယ်။

By Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: