မိန်းကလေးတိုင်း အချွဲဓာတ်ခံလေးကတော့ ပါလာကြစမြဲပါပဲနော်။ ဒါပေမဲ့ ချစ်သူရတဲ့အခါ ချစ်သူကို အရမ်းတွေ တွယ်ကပ်ပြီး ချွဲနွဲ့တတ်တဲ့ မိန်းကလေးနဲ့ ဒါမျိုးတွေ မလုပ်တတ်တဲ့ မိန်းကလေးရယ်လို့ အုပ်စု ၂ စု ကွဲသွားကြပါတယ်။ ဒီတစ်ခေါက် ရာသီခွင်ကဏ္ဍမှာတော့ ချစ်ရတဲ့လူတွေအပေါ် နွဲ့ဆိုးဆိုးတတ်ကြပြီး အရမ်းလည်းချွဲ အရမ်းလည်းတွယ်ကပ်လွန်းတဲ့ ရာသီခွင်လေးတွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ ဘယ်သူလေးတွေပါမလဲဆိုတာ ကြည့်လိုက်ရအောင်။
1. Cancer (June 21 – July 22)

ဒီရာသီခွင်ကတော့ အမြဲတမ်း ချစ်သူနဲ့ ပွတ်သီးပွတ်သပ်လုပ်ပြီး နေချင်ကြတဲ့ အမျိုးပါတဲ့။ အတူမရှိရင် ဖုန်းတွေခေါ်မယ်၊ စာတွေဆက်တိုက်ပို့ပြီးတော့ကို အပျောက်မခံတတ်ကြပါဘူး။
2. Libra (September 23 – October 22)
တစ်ယောက်တည်းနေရတာ လုံးဝမကြိုက်တဲ့ Libra လေးတွေကတော့ အမြဲတမ်းချစ်သူကို တွယ်ကပ်လေ့ရှိပါတယ်။ သူတို့မှာ ချစ်သူရဲ့ဂရုစိုက်မှုကို ပိုတယ်လို့မရှိ၊ အမြဲတမ်းလိုနေတာချည်းတဲ့လေ။ ကြင်နာယုယမှုတွေဆိုလည်း သိပ်လိုချင်ကြသတဲ့။
3. Pisces (February 19 – March 20)

ချစ်ရသူအတွက်သာဆိုရင် ဘာပဲလုပ်ပေးရ၊ပေးရ အမြဲတမ်း အသင့်ရှိနေတတ်တဲ့လူတွေပါ။ ချစ်သူရဲ့ စိတ်ဝင်စားမှု လျော့သွားမှာစိုးလို့ အမြဲတမ်းလိုလို အနားကို ကပ်နေကြတာပဲဖြစ်ပါတယ်။
4. Taurus (April 20 – May 20)
Taurus တွေကတော့ သူတို့ ချွဲတတ်တာကို ဝန်မခံတတ်ကြပေမယ့် အမြဲတမ်း ချစ်သူကို ကပ်ချွဲနေတဲ့သူမျိုးတွေပါ။ ဒါပေမဲ့ သူတို့ချွဲတာ အထက်စီးကနော်။
By penny