Thursday, June 1, 2023
HomeEntertainmentK-drama ပရိသတ်လေးဦးရဲ့ ခင်မင်မှုအကြောင်းကို အလေးပေးရိုက်ကူးထားတဲ့ "K-Love"

K-drama ပရိသတ်လေးဦးရဲ့ ခင်မင်မှုအကြောင်းကို အလေးပေးရိုက်ကူးထားတဲ့ “K-Love”

မနီလာမြို့တွင်နေထိုင်တဲ့ အသက် 20 နဲ့ 30 ဝန်းကျင် ဒေသခံလေးဦးတို့ဟာ သူတို့ရဲ့ခေါင်းကိုက်စရာ ကိစ္စရပ်တွေ၊ ပျော်စရာကိစ္စတွေကို ယုံကြည်စွာတိုင်ပင်ရင်ဖွင့်ရင်း သူတို့နှစ်သက်တဲ့ ကေဒရာမာရှိုးတွေကို အပတ်စဉ်ပုံမှန်ကြည့်ရှုရင်းနဲ့ ဘဝနေထိုင်မှုပုံစံကို ဖြတ်သန်းနေကြတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

viu.com

သူတို့ရဲ့အပြန်အလှန်ထားရှိတဲ့ သံယောဇဉ်နှောင်ကြိုးတွေနဲ့ ကေဒရာမာအပေါ်စွဲလမ်းမှုက သူတို့ဘဝရဲ့လမ်းကြောင်းသစ်ဆီကို ရဲဝင့်စွာလျှောက်လှမ်းဖို့ လှုံ့ဆော်ပေးခဲ့တာပါ။ သူတို့ကြည့်ရှုခဲ့တဲ့ ကေဒရာမာရှိုးတွေကနေ သင်ယူခဲ့ကြတဲ့အရာတွေနဲ့ သူတို့ရဲ့ဘဝတွေကို အကောင်းဆုံးရှေ့ဆက်ကြရင်း ဘယ်လိုမျိုး ရယ်စရာကောင်းတဲ့အခိုက်အတန့်တွေ၊ ပရမ်းပတာဖြစ်မှုတွေနဲ့ အချစ်ဇာတ်လမ်းတွေကို တွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသ ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။ 

viu.com

ဘဝတွင်ကြုံတွေ့ရတဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ အားပေးနှစ်သိမ့်မှုတွေကို တွေ့မြင်ရမယ့် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပါ။ ဖိလစ်ပိုင်ဇာတ်လမ်းတွဲ K-Love တွင် မင်းသမီး Iza Calzado, Isabelle Daza, Sue Ramirez, Gabby Padilla နဲ့ မင်းသား Jake Cuenca တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

K-Love အချစ်ဟာသ ဖိလစ်ပိုင်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုလို့ရနေပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: