Friday, September 22, 2023
HomeHEALTHအချိန်တိုအတွင်းအဆီတက်ပြီးဝလာစေတဲ့ အစားအသောက်များ

အချိန်တိုအတွင်းအဆီတက်ပြီးဝလာစေတဲ့ အစားအသောက်များ

လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဝလာတတ်ကြပါတယ်။ အဲဒီအထဲကမှ အများစုကတော့ အဆီတက်စေတဲ့ အစားအစာတွေကို စားသောက်ခြင်းကြောင့် ဝလာတာပဲဖြစ်ပါတယ်။ အစားအများကြီးစားမှမဟုတ်ပါဘူး။ အစားအသောက် ရွေးချယ်မှုမှားနေတဲ့အခါမှာလည်း အများကြီး ဝိတ်တက်လာနိုင်ပါတယ်။ ဒါကြောင့် လှချင်တဲ့ ပျိုမေတို့အနေနဲ့ အချိန်တိုအတွင်းအဆီအရမ်းတက်ပြီး ဝစေတဲ့ ဒီလိုအစားအစာတွေကို ခဏခဏ မစားမိဖို့ သတိပြုပါနော်။

(၁) ဆိုဒါ

wet drinking glass
Photo by Aaditya Arora on Pexels.com

အချိုရည်ထဲမှာပါဝင်တဲ့ ဆိုဒါတွေဟာ သင့်ကိုအချိန်တိုအတွင်း အဆီတက်ပြီး ဝလာစေပါတယ်။ ဒါတင်မကဘဲ ဆီးချိုသွေးချို၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေအထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆိုဒါပါဝင်တဲ့အချိုရည်တွေကို ခဏခဏမသောက်မိဖို့ သတိပြုပါ။

(၂) သကြားများတဲ့ကော်ဖီ

ကော်ဖီထဲမှာ သကြားများများထည့်ပြီး သောက်ခြင်းဟာ ခါးအဆီတွေကိုတက်လာစေရုံသာမက အချိန်တိုအတွင်း ဝလာစေပါတယ်။ ဒါကြောင့် ဘာပဲသောက်သောက် သကြားလျှော့သောက်တာ အကောင်းဆုံးပါပဲ။

(၃) ရေခဲမုန့်

brown cone with white sprinkled icing
Photo by Calebe Miranda on Pexels.com

ရေခဲမုန့်မှာ သကြားတွေအများကြီးပါဝင်တဲ့အပြင် အဆီပါဝင်မှုလည်း များလွန်းတာကြောင့် သင့်ကိုအလျင်အမြန် ဝလာစေပါတယ်။ ဒါကြောင့် ပမာဏအများကြီးစားသုံးခြင်းကို ရှောင်ပါ။

(၄) ပီဇာ

အသားတွေနဲ့၊ ချိစ်တွေအများကြီးပါဝင်တဲ့ ပီဇာတွေဟာ အလျင်အမြန်ဝိတ်တက်လာစေပါတယ်။ ဒါကြောင့် ပီဇာချစ်သူများအနေနဲ့ အသီးအရွက်၊ ဂျုံကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာမျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အိမ်မှာ ကိုယ်တိုင် လုပ်စားသင့်ပါတယ်။

(၅) ကွတ်ကီးနဲ့ဒိုးနပ်များ

ကွတ်ကီးနဲ့ဒိုးနပ်တွေဟာ သကြားအများကြီးပါဝင်တဲ့အပြင် ဂျုံချောနဲ့ အဆီတွေလည်းပါဝင်တာကြောင့် ကယ်လိုရီအရမ်းမြင့်မားပါတယ်။ ဒါကြောင့် အနည်းငယ်သာစားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

(၆) အာလူးကြော်

fries and burger on plate
Photo by Robin Stickel on Pexels.com

အာလူးကြော်တွေမှာလည်း ဆား၊ ဆီပါဝင်မှုအရမ်းများတာကြောင့် အချိန်တိုအတွင်း အလျင်အမြန်ဝိတ်တက်စေနိုင်ပါတယ်။ ဒါကြောင့် အာလူးကို ဖုတ်ပြီးတော့ပဲဖြစ်ဖြစ်၊ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ် စားသုံးသင့်ပါတယ်။

(၇) နို့ချောကလက်

ချောကလက်အမည်း(ခါးတဲ့ချောကလက်) တွေဟာ ဝိတ်မတက်စေပါဘူး။ ဒါပေမယ့်လည်း နို့တွေ၊ သကြားတွေနဲ့ တခြားသောအသီး၊ အစေ့တွေပါဝင်တဲ့ ချောကလက်တွေကတော့ အချိန်တိုအတွင်း ဝိတ်တက်စေပါတယ်။ အလွန်အကျွံစားမိဖို့လည်း လွယ်တာကြောင့် ခဏခဏ မစားသင့်ပါဘူး။

အတိုချုံးပြောရမယ်ဆိုရင် သကြားပါဝင်တဲ့ အချိုမုန့် အချိုရည်တွေ၊ ဆီပါဝင်မှုများတဲ့ ဆီကြော်စားစရာတွေကိုရှောင်ပြီး အာဟာရဖြစ်စေတဲ့ ပရိုတင်းဓါတ်များများပါတာတွေကို သင့်တင့်စွာ စားသုံးပြီး ကိုယ်လက်လေ့ကျင့်ခန်းနည်းနည်း ဖြည့်လုပ်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲက အဆီပိုတွေကို နှုတ်ဆက်လိုက်လို့ ရပါပြီနော်။

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: