Romance drama အမျိုးအစားဖြစ်တဲ့ ‘Club Friday the Series – Love and Belief: the Seven Year Itch’ ထိုင်းဇာတ်လမ်းတွဲလေးကို ဒါရိုက်တာ Chik Sakon Tiacharoen က ရိုက်ကူးပြီး မင်းသမီးချော Proy Manasaporn Chanchalerm နဲ့ မင်းသား Kao Jirayu La-ongmanee က အဓိကပါဝင်ထားကြတာဖြစ်ကာ မင်းသား Best Nathasit Kotimanuswanich, James Rusameekae Fagerlund, မင်းသမီး Jear Sarinrat Thomas, Jomjam Suphitcha Subannaphong နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။

ရှေ့ဖြစ်ဟောဆရာတစ်ယောက်က Baibua ကို သူမနဲ့ သူမချစ်သူတို့ဟာ လမ်းခွဲပြတ်စဲကြရမှာဖြစ်ကြောင်း ဟောပြောခဲ့ပေမယ့် Baibua ကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး။ သူမနဲ့ သူမရဲ့ချစ်သူ Rumbia ဟာ ခုနစ်နှစ်ကြာ လက်တွဲလာခဲ့တဲ့ ခိုင်မာတဲ့ဆက်ဆံရေးဖြစ်တာကြောင့် ဒီဟောပြောချက်ကို လက်မခံနိုင်ခဲ့ပါဘူး။
ဒါပေမယ့် Baibua တစ်ယောက် Rumbia နဲ့ရင်းနှီးဖို့ကြိုးစားနေတဲ့ သူမရဲ့ဂျူနီယာ Brownie ကြောင့် သူမတို့ရဲ့ဆက်ဆံရေးအတွက် စိတ်ပူနေခဲ့ပါတယ်။ နောက်ပြီး Hongfei ဆိုတဲ့ကောင်လေးကလည်း Baibua ကို ပရောပရည်လုပ်ကာ Baibua နဲ့ Rumbia တို့ကြား နားလည်မှုလွဲမှားစေတဲ့ ပြဿနာတွေဖြစ်လာအောင် ဖန်တီးခဲ့ပါတယ်။

သူတို့ရဲ့ခုနစ်နှစ်ကြာ အချစ်ရေးက ရှေ့ဖြစ်ဟောဆရာရဲ့ ဟောပြောချက်အတိုင်း တကယ်ပဲ လမ်းခွဲပြတ်စဲခြင်းနဲ့ ကြုံတွေ့ရမှာလား။ Baibua စိုးရိမ်နေတဲ့ ကိစ္စတွေက တကယ်ပဲဖြစ်လာမှာလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ‘The Seven Year Itch’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် အခုပဲကြည့်ရှုနိုင်ပါပြီ။