Thursday, April 25, 2024
HomeEntertainmentလွတ်လပ်မှုနဲ့ချစ်ရသူအကြား လွန်ဆွဲရမယ့်နန်းတွင်းသူလေးရဲ့ဇာတ်လမ်း "ဧကရာဇ်ရဲ့နှောင်ကြိုးနီ"

လွတ်လပ်မှုနဲ့ချစ်ရသူအကြား လွန်ဆွဲရမယ့်နန်းတွင်းသူလေးရဲ့ဇာတ်လမ်း “ဧကရာဇ်ရဲ့နှောင်ကြိုးနီ”

ဧကရာဇ်ရဲ့နှောင်ကြိုးနီ (The Red Sleeve) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Lee Jun-ho, Kang Hoon နဲ့ မင်းသမီး Lee Se-young တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ကာ အချစ်နန်းတွင်းဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

Instagram

ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာမ Kang Mi-kang ရေးသားထားတဲ့ နာမည်တူဝတ္ထုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး နန်းတွင်းအချစ်ဇာတ်လမ်းလေးဖြစ်ကာ ဒါရိုက်တာ Jung Ji-in နဲ့ Song Yeon-hwa တို့ကပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဧကရာဇ်ရဲ့နှောင်ကြိုးနီ (The Red Sleeve) ဇာတ်လမ်းတွဲတွင် မင်းသား Lee Jun-ho က ဘုရင်ကြီး Yeongjo ရဲ့မြေးတော် Yi San အဖြစ်ပါဝင်ထားပါတယ်။ သူဟာ ကြင်နာတတ်တဲ့ ဘုရင်ဖြစ်လာဖို့ အမြဲကြိုးစားနေပေမယ့် သူ့ဖခင်ရဲ့သေဆုံးမှုက သူ့အတွက် စိတ်ဒဏ်ရာအဖြစ်ကျန်ခဲ့ပါတယ်။

Instagram

မင်းသမီး Lee Se-young ကတော့ ဇာတ်ကောင် Seong Deok-im အဖြစ်ပါဝင်ထားပြီး ဘုရင့်ကိုခစားရတဲ့ နန်းတွင်းသူများစွာထဲက တစ်ယောက်အဖြစ်နေထိုင်မယ့်အစား သူမဖြစ်ချင်တဲ့ပုံစံအတိုင်း ဘဝကိုနေထိုင်လိုသူဖြစ်ပါတယ်။ မင်းသား Kang Hoon က အေးစက်စက်အသွင်အပြင်အောက်တွင် သူ့ရဲ့နွေးထွေးကြင်နာတတ်တဲ့ နှလုံးသားကို ဖုံးကွယ်ထားတဲ့ အိမ်ရှေ့မင်းသားရဲ့ဆရာ Hong Deok-ro အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အရမ်းကိုနာမည်ကြီး လူကြိုက်များတဲ့ ဧကရာဇ်ရဲ့နှောင်ကြိုးနီ (The Red Sleeve) ကိုးရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုလို့ရနေပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading