Thursday, April 25, 2024
HomeUncategorizedဘဝရဲ့စက္ကန့်တိုင်းကို မှတ်မိနေတဲ့အမျိုးသားနဲ့ အတိတ်ကိုမေ့ထားခဲ့တဲ့ အမျိုးသမီးတို့ရဲ့ အချစ်ဇာတ်လမ်း "Find Me in Your Memory"

ဘဝရဲ့စက္ကန့်တိုင်းကို မှတ်မိနေတဲ့အမျိုးသားနဲ့ အတိတ်ကိုမေ့ထားခဲ့တဲ့ အမျိုးသမီးတို့ရဲ့ အချစ်ဇာတ်လမ်း “Find Me in Your Memory”

နှလုံးသားအချစ်မှတ်တမ်း (Find Me in Your Memory) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2020 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Oh Hyun-jong နဲ့ Lee Soo-hyun တို့က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Kim Dong-wook နဲ့ မင်းသမီး Moon Ga-young တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။  

pinterest.com

ဇာတ်လမ်းပုံစံက သူ့ဘဝရဲ့စက္ကန့်တိုင်းကို သတိရမှုတွေနဲ့ ရှင်သန်နေရတဲ့ အမျိုးသားတစ်ယောက်နဲ့ ဘဝကိုဆက်ပြီးရှင်သန်ဖို့ သူမရဲ့နာကျင်စရာအတိတ်တွေကို မေ့ပျောက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကြား အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတာပါ။

Lee Jung-Hoon ဟာ အသံလွှင့်ဌာနတစ်ခုတွင် သတင်းတင်ဆက်သူတစ်ယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူကတော့ hyperthymesia လို့ခေါ်တဲ့ ဘဝရဲ့အခိုက်အတန့်တိုင်းကို မှတ်မိစေနိုင်တဲ့ အခြေအနေတစ်ခုကို ခံစားနေရသူပါ။ Yeo Ha-Jin က ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမဟာ အတိတ်မေ့နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အတိတ်ကို မမှတ်မိတာကြောင့် Yeo Ha-Jin က သူမရဲ့ဘဝကို စိတ်ကြိုက်နေထိုင်နေသူ ဖြစ်ပါတယ်။

pinterest.com

နှလုံးသားအချစ်မှတ်တမ်း (Find Me in Your Memory) လျှို့ဝှက်ဆန်းကြယ် အချစ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading