Thursday, April 25, 2024
HomeEntertainmentတက္ကသိုလ်ကျောင်းသားဘဝကို လွမ်းဆွတ်သတိရမိသွားစေမယ့် 'Cheer Up'

တက္ကသိုလ်ကျောင်းသားဘဝကို လွမ်းဆွတ်သတိရမိသွားစေမယ့် ‘Cheer Up’

Cheer Up ကိုးရီးယားဇာတ်လမ်းတွဲဟာ မင်းသမီး Han Ji-hyun, Jang Gyu-ri, Lee Eun-saem, မင်းသား Bae In-hyuk, Kim Hyun-jin နဲ့ Yang Dong-geun တို့ အဓိကပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Cheer Up ဇာတ်လမ်းတွဲဟာ 2022 ခုနှစ် October 3 ရက်နေ့တွင် စတင်ထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိတွင်လည်း ထုတ်လွှင့်ပြသနေဆဲ အသစ်စက်စက် ဇာတ်လမ်းတွဲတစ်ခုပါ။

pinterest/DramAsia World

အချစ်ဟာသ လူငယ်လျှို့ဝှက်ဆန်းကြယ် ဂီတစတဲ့ ရသမျိုးစုံပါဝင်တဲ့ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Han Tae-seop က ရိုက်ကူးထားပြီး ဇာတ်ညွှန်းရေးဆရာ Cha Hae-won က ရေးသားထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက ထက်မြက်ပြီး ဇွဲကောင်းတဲ့ ကျောင်းသူလေး Do Hae-yi ဟာ Yeonhee တက္ကသိုလ်မှ ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူမဟာ မိသားစုရဲ့အခြေအနေကြောင့် ကျောင်းတက်ခြင်းထက် ငွေရှာခြင်းကို ပိုဦးစားပေးတတ်သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Do Hae-yi ဟာ Yeonhee တက္ကသိုလ်တွင် နှစ်ပေါင်း 50 ကြာရပ်တည်ခဲ့တဲ့ Teyia အားပေးအဖွဲ့တွင် ပါဝင်ဖို့ဖြစ်လာခဲ့ပြီး သူမဟာ ငွေကြေးအတွက် club အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပေမယ့် အဲဒီမှာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုကို ခံစားမိလာကာ လူမျိုးစုံနဲ့ တွေ့ဆုံရတဲ့ ဇာတ်လမ်းလေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Cheer Up ဇာတ်လမ်းတွဲတွင် Han Ji-hyun က ဇာတ်ကောင် Do Hae-yi အဖြစ်ပါဝင်ထားပြီး Yeonhee တက္ကသိုလ်ရဲ့ Cheerleader Club မှအဖွဲ့ဝင်တစ်ယောက်ဖြစ်သလို theology မေဂျာကို တက်ရောက်လေ့လာနေတဲ့ ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ Park Jung-woo အဖြစ် Bae In-hyuk ကပါဝင်ထားပြီး Cheerleader Club ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

pinteerest/DramAsia World

Kim Hyun-jin က ဇာတ်ကောင် Jin Sun-ho အဖြစ် ပါဝင်ထားကာ Cheerleader Club ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူဟာ ဆေးပညာကိုလေ့လာနေတဲ့ ဆေးကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ဇာတ်ကောင် Tae Cho-hee အဖြစ် Jang Gyu-ri ကပါဝင်ထားပြီး Cheerleader Club ရဲ့ ဒုခေါင်းဆောင်ဖြစ်ကာ Lee Eun-saem က Joo Sun-ja အဖြစ် ပါဝင်ထားတာဖြစ်ပြီး သူမဟာလည်း Cheerleader Club ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

ဇာတ်ကောင် Bae Young-woong အဖြစ်တော့ Yang Dong-geun ကပါဝင်ထားကာ Yeonhee တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ကာ Cheerleader Club ကို ထောက်ခံအားပေးသူတစ်ယောက်အဖြစ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Cheer Up ကိုးရီးယားလူငယ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading