Saturday, April 20, 2024
HomeEntertainmentစစ်မှန်တဲ့ပျော်ရွှင်မှုက မိမိရဲ့မိသားစုတွင်သာရှိကြောင်း ရိုက်ပြထားတဲ့ "National Wife"

စစ်မှန်တဲ့ပျော်ရွှင်မှုက မိမိရဲ့မိသားစုတွင်သာရှိကြောင်း ရိုက်ပြထားတဲ့ “National Wife”

အိမ်သူသက်ထား ပြိုင်စံရှား (National Wife) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသမီး Han Da-gam, မင်းသား Han Sang-jin, Shin Seung-hwan နဲ့ Shim Ji-ho တို့ကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒါရိုက်တာအနေနဲ့ Choi Ji-young က ရိုက်ကူးပုံဖော်ထားပြီး Kim Ji-wan က ဇာတ်ညွှန်းရေးသားထားပါတယ်။

youtube.com

ဘဝအဆင့်အတန်းမြင့်မားချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ကာ နောက်ဆုံးမှာတော့ သူမရဲ့ပျော်ရွှင်မှုက နေထိုင်ရာအိမ် အဆင့်အတန်းတို့နဲ့မသက်ဆိုင်ဘဲ အိမ်မှာနေထိုင်သူတွေရဲ့ ချစ်ခြင်းဂရုစိုက်မှုတွေကသာ အရေးကြီးကြောင်းကို သဘောပေါက်သွားတဲ့ ဇာတ်လမ်းပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက Seo Cho-hee (Han Da-gam) နဲ့ သူမရဲ့ခင်ပွန်း Kang Nam-goo (Han Sang-jin) တို့ဟာ ဂန်နမ်ရှိအိမ်တစ်အိမ်တွင် နေထိုင်နိုင်ဖို့ သူတို့ရဲ့ဘဝကို အဆင့်အတန်းမြင့်မားသူတွေ ဖြစ်လာဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ နေထိုင်တဲ့အိမ်ကအရေးကြီးတာမဟုတ်ဘဲ မိသားစုကသာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ကြောင်း သဘောပေါက်သွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမယ့် မိသားစုဒရာမာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

အိမ်သူသက်ထား ပြိုင်စံရှား (National Wife) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading