Wednesday, April 24, 2024
HomeEntertainmentကိုရီးယားတောင်နဲ့မြောက်ကြားက အချစ်ဇာတ်လမ်း "နယ်ခြားနှလုံးသား"

ကိုရီးယားတောင်နဲ့မြောက်ကြားက အချစ်ဇာတ်လမ်း “နယ်ခြားနှလုံးသား”

နယ်ခြားနှလုံးသား (The King 2 Hearts) ဟာ 2012 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ တောင်ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး နာမည်ကြီး မင်းသမီးချော Ha Ji-won နဲ့ မင်းသား Lee Seung-gi တို့က အဓိကပါဝင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Lee Jae-kyoo နဲ့ Jung Dae-yoon တို့က ရိုက်ကူးပုံဖော်ထားပြီး ဇာတ်ညွှန်းရေးဆရာ Hong Jin-ah က ရေးသားပေးထားတာဖြစ်ကာ မြောက်ကိုးရီးယားအေးဂျင့်တစ်ဦးကို ချစ်မြတ်နိုးမိသွားတဲ့ တောင်ကိုးရီးယားရဲ့ အိမ်ရှေ့မင်းသားတစ်ဦးအကြောင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

pinterest.com

ခေတ်သစ်တောင်ကိုးရီးယားဟာ ဂျိုဆွန်းမင်းဆက်မှ ဆင်းသက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင်စနစ်ဖြင့် အုပ်ချုပ်တာဖြစ်ပါတယ်။ Lee Jae-ha (Lee Seung-gi) ဟာ တောင်ကိုးရီးယားရဲ့ ရုပ်ရည်ချောမောခန့်ညားတဲ့ အိမ်ရှေ့မင်းသားဖြစ်ပေမယ့် သူဟာ နိုင်ငံရေးကိုစိတ်မဝင်စားဘဲ ထီးနန်းဆက်ခံရန်အတွက် တွန့်ဆုတ်နေသူတစ်ယောက်ပါ။ လက်ရှိဘုရင် Lee Jae-kang (Lee Sung-min) ဟာ မြောက်ကိုးရီးယားနဲ့ ပူးတွဲစစ်ရေးပူးပေါင်းမှုတွင် ပါဝင်ရန်ဆိုတဲ့ လှည့်စားမှုဖြင့် Lee Jae-ha ကို ရင့်ကျက်လာဖို့ လုပ်ဆောင်ခဲ့ပါတယ်။

Kim Hang-ah (Ha Ji-won) ဟာ မြောက်ကိုးရီးယားရဲ့ အထူးတပ်ဖွဲ့အရာရှိတစ်ဦးဖြစ်ပြီး မြောက်ကိုးရီးယား အဆင့်မြင့်အရာရှိတစ်ဦးရဲ့ သမီးလည်းဖြစ်ပါတယ်။ Jae-ha နဲ့ Hang-ah တို့နှစ်ယောက်ဟာ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးထူထောင်ရာတွင် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဆုံတွေ့ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ရန်လိုမှုတွေရှိခဲ့ကြပေမယ့် မထင်မှတ်ဘဲ ခင်မင်ရင်းနှီးမှုရသွားခဲ့ကြပြီးနောက်တွင် Jae-ha တစ်ယောက် Hang-ah ကို ချစ်မိသွားခဲ့တာပါ။

pinterest.com

မကြာခင်မှာပဲ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးအခြေအနေက စေ့စပ်ကြောင်းလမ်းမှုအထိ တိုးတက်ခဲ့ကြပြီး ကွဲပြားမှုတွေကို ဘေးဖယ်ထားကာ ဆက်ဆံရေးကိုတည်ဆောက်ရန် ကြိုးစားနေချိန်တွင် တိုင်းပြည်ကိုအုပ်စိုးဖို့ ကြိုးစားနေခဲ့တဲ့ Kim Bong-gu (Yoon Je-moon) ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ Club M က ဘုရင် Jae-kang နဲ့ ဇနီးဖြစ်သူတို့ကို လုပ်ကြံလိုက်တဲ့အခါမှာတော့ အခြေအနေအားလုံးဟာ ရုတ်ချည်းဆိုးရွားသွားခဲ့ပါတယ်။ Jae-ha ဟာ တောင်ကိုးရီးယားဘုရင်သစ် တာဝန်ကိုယူဖို့ဖြစ်လာခဲ့ပြီး အချိန်မနှောင်းမီတွင် တိုင်းပြည်ကိုကာကွယ်ဖို့ သင်ယူရမှာဖြစ်ကာ သူတို့ရဲ့အချစ်ရေးက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

နယ်ခြားနှလုံးသား (The King 2 Hearts) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading