Monday, May 29, 2023
HomeEntertainmentအာရှရဲ့ထိပ်တန်းလက်ဝှေ့သမားတစ်ဦး ပေါ်ပေါက်လာပုံကိုကြည့်ရမယ့် ‘Rope a Dope’

အာရှရဲ့ထိပ်တန်းလက်ဝှေ့သမားတစ်ဦး ပေါ်ပေါက်လာပုံကိုကြည့်ရမယ့် ‘Rope a Dope’

Rope a Dope တရုတ်ဇာတ်လမ်းတွဲလေးဟာ အားကစားဒရာမာ အမျိုးအစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသား Anson Kong, Thor Lok, Joey Leung, Lokman Yeung, Alton Wong, မင်းသမီး Ashley Lin နဲ့ Cecilia So တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

Au Yeung Chun ဟာ အရှုံးကို လုံးဝလက်မခံတတ်ပဲ ခေါင်းမာပြီး ဝီရိယရှိသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အိမ်တွင် အကြွေးပြဿနာကြောင့် အသိမိတ်ဆွေတစ်ဦးပိုင်ဆိုင်တဲ့ လက်ဝှေ့ကစားရုံသို့ ရောက်ရှိလာခဲ့ပြီး ဒါဟာ Au Yeung Chun အတွက် ဒုတိယအိမ်ဖြစ်လာခဲ့ပါတယ်။

Au Yeung Chun တစ်ယောက် ဒီလက်ဝှေ့အားကစားရုံတွင် သူနဲ့စိတ်တူကိုယ်တူလူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူဟာ အာရှရဲ့ထိပ်တန်းလက်ဝှေ့သမားဖြစ်လာဖို့ကို စိတ်ကူးထားခဲ့တာ ဖြစ်ပါတယ်။

youtube.com

Rope a Dope ဇာတ်လမ်းတွဲတွင် Anson Kong က ဇာတ်ကောင် Au Yeung Chun အဖြစ်ပါဝင်ထားတာဖြစ်ကာ Thor Lok က Yuen Tin Cau အဖြစ်၊ Joey Leung က Lo King အဖြစ် Lokman Yeung က ဇာတ်ကောင် Lee Sing Tung အဖြစ်နဲ့ Alton Wong က Sing Chak Wan အဖြစ် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ မင်းသမီး Ashley Lin ကိုတော့ Keung Sau Chin အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီး Cecilia So ကတော့ Fan Siu Fung အဖြစ် ပါဝင်ထားပါတယ်။

Rope a Dope တရုတ်ဇာတ်လမ်းတွဲလေးဟာ Viu original series တစ်ခုဖြစ်ပြီး မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: