မျက်ဖြေကလဲ့စား (Devanshi) ဟာ အိန္ဒိယ ဟင်ဒီဒရာမာ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Full House Media မှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
2016 ခုနှစ်တွင် စတင်ထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Anshoo Shyam က ရိုက်ကူးထားပြီး မင်းသမီး Helly Shah, Karuna Pandey, မင်းသား Piyush Sahdev, Mudit Nayar နဲ့ Aamir Dalvi တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

မျက်ဖြေကလဲ့စား ဇာတ်လမ်းတွဲဟာ အယူသီးမှုနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကို အဓိကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မယ်တော်ရဲ့ကောင်းချီးကိုရထားတဲ့ Devanshi အမည်ရှိ ကလေးတစ်ဦးရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Devanshi ရဲ့ ကလေးဘဝဟာ သူ့ပတ်ဝန်းကျင်မှလူတွေရဲ့ အယူသီးမှုတွေ၊ ယုံကြည်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့ရွာမှာလည်း မယ်တော်အဖြစ် အားလုံးက ဝိုင်းကိုးကွယ်ကြတဲ့ လူလိမ်မကြီးတစ်ယောက်ရှိနေတာဖြစ်ကာ Devanshi ပေါ်လာပြီးနောက် ရွာသားအားလုံးက Devanshi အပေါ် ဝိုင်းယုံကြည်လာတဲ့အခါမှာတော့ အဲဒီလူလိမ်မကြီးဟာ အကြံဉာဏ်မျိုးစုံထုတ်သုံးပါတော့တယ်။

Devanshi တစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာရော ဒီအယူသီးမှုတွေ၊ ယုံကြည်မှုတွေကြောင့် ဘယ်လိုဆိုးရွားတဲ့ပြဿနာရပ်တွေကို ရင်ဆိုင်ပြီး သူမရဲ့ဘဝရှင်သန်ဖို့အတွက် ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မျက်ဖြေကလဲ့စား (Devanshi) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။