မီးအိမ်ရှင်ဒေဝီ (Punyashlok Ahilya Baai) ဇာတ်လမ်းတွဲဟာ 2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ ရာဇဝင် drama အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ 1767 မှ 1795 ခုနှစ်အထိ Malwa ဒေသကိုအုပ်စိုးခဲ့တဲ့ ဘုရင်မ Ahilyabai Holkar ရဲ့ဘဝကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Aetashaa Sansgiri, မင်းသား Rajesh Shringarpure နဲ့ Gaurav Amlani တို့က အဓိကပါဝင်ထားကြတာပါ။

ဇာတ်လမ်းပုံစံက Ahilya Bai ဟာ သူမရဲ့ယောက္ခမဖြစ်သူ Malhar Rao Holkar ရဲ့ လမ်းညွှန်မှုအောက်တွင် နေထိုင်လာခဲ့ပြီး သူမရဲ့ခင်ပွန်းနဲ့သား သေဆုံးပြီးနောက်တွင် Malwa နယ်မြေကို အုပ်ချုပ်ခဲ့ကာ သူမရဲ့နိုင်ငံကို ကောင်းမွန်ထိရောက်စွာ အုပ်ချုပ်ခဲ့တဲ့အကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Aetashaa Sansgiri က ဘုရင်မ Ahilyabai Holkar အဖြစ်ပါဝင်ထားပြီး မင်းသား Rajesh Shringarpure ကတော့ ဇာတ်ကောင် Malhar Rao Holkar အဖြစ်ပါဝင်ထားကာ Ahilyabai Holkar ရဲ့ခင်ပွန်း ဇာတ်ကောင် Khande Rao Holkar အဖြစ် မင်းသား Gaurav Amlani က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
မီးအိမ်ရှင်ဒေဝီ (Punyashlok Ahilya Baai) အိန္ဒိယဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။