အရင်းနှီးဆုံးရင်ခွင် (Close Friend) ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ အချစ်ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Chacree Rujiviphat က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသားချောတွေဖြစ်ကြတဲ့ Thitiwat Ritprasert, Natouch Siripongthon, Chalongrat Novsamrong, Phachara Suansri, Natasitt Uareksit, Kornthas Rujeerattanavorapan, Talay Sanguandikul, Phusanu Wongsavanischakorn, Karn Kritsanaphan, Sittichok Pueakpoolpol, Panuwat Kerdthongtavee, နဲ့ Warodom Khemmonta တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

အရင်းနှီးဆုံးရင်ခွင် (Close Friend) ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ မတူညီတဲ့ချစ်ခြင်းပုံစံ ခြောက်မျိုးကို တွေ့မြင်ခံစားရမယ့် အမျိုးသားစုံတွဲခြောက်တွဲတို့ရဲ့ ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတာပါ။ နောက်ပြီး ဒီဇာတ်လမ်းတွဲတွင် six Boxx Music artists တွေရဲ့ သီချင်းခြောက်ပုဒ်ကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။
အမျိုးသားတွေကြားက မတူညီတဲ့ချစ်ခြင်းပုံစံက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်အချစ်ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပြီး အရင်းနှီးဆုံးရင်ခွင် (Close Friend) ထိုင်းဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။