Monday, December 11, 2023
HomeEntertainmentအမုန်းနဲ့စတင်ခဲ့ကြပေမယ့် ချစ်ခြင်းမှာကျရှုံးခဲ့သူနှစ်ဦးရဲ့ဇာတ်လမ်း "မေတ္တာကစားပွဲ"

အမုန်းနဲ့စတင်ခဲ့ကြပေမယ့် ချစ်ခြင်းမှာကျရှုံးခဲ့သူနှစ်ဦးရဲ့ဇာတ်လမ်း “မေတ္တာကစားပွဲ”

မေတ္တာကစားပွဲ (Jeet Gayi Toh Piya Morey) ဇာတ်လမ်းတွဲဟာ အိန္ဒိယအချစ်ဇာတ်လမ်းတွဲ အမျိုးအစားဖြစ်ပြီး S. Manasvi က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Amit Gupta, Randip Mahadik နဲ့ Neeraj Panday တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

Devi ဟာ ငယ်စဉ်ကတည်းက မိဘတွေကိုဆုံးရှုံးခဲ့ရပြီး သူမရဲ့ဦးလေး Bharat Chauhan နဲ့ အဒေါ်ဖြစ်သူ Rekha Chauhan တို့ရဲ့အုပ်ထိန်းမှုအောက်တွင် နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Devi ဟာ သူမရဲ့ရွာတွင်ခြိမ်းခြောက်ခံရမှုကြောင့် မိသားစုနဲ့ဝေးရာ မြို့ပေါ်တွင် ကြီးပြင်းလာခဲ့ရသူလည်း ဖြစ်ပါတယ်။

pinterest.com

သူမရဲ့မိသားစုကို အံ့သြသွားအောင်လုပ်ဖို့ Devi ရွာကိုပြန်လာတဲ့အခါမှာတော့ သူမတို့ရဲ့ပြိုင်ဘက်မိသားစုဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့မိသားစုမှဆင်းသက်လာခဲ့သူ Adhiraj Rajawat နဲ့ တွေ့ဆုံခဲ့တာပါ။ သူတို့ရဲ့တွေ့ဆုံမှုက ကောင်းမွန်မနေခဲ့ပဲ Devi တစ်ယောက် Adhiraj Rajawat ကို ပါးရိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Adhiraj Rajawat ကတော့ Devi ကို စွဲလမ်းသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Adhiraj Rajawat ဟာ Devi ကို အတင်းအကျပ်လက်ထပ်ဖို့ တွန်းအားပေးခဲ့တာဖြစ်ကာ သူမကိုလက်စားချေရန်အတွက် ဒီလက်ထပ်ပွဲကို ကျင်းပခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ခင်ပွန်းသည် Adhiraj Rajawat ဟာ သူမအပေါ်နာကျည်းနေခဲ့ပေမယ့် Devi က ခင်ပွန်းဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ ကြင်နာတတ်တဲ့နှလုံးသားကို ဖော်ထုတ်ကာ အနိုင်ယူဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။

pinterest.com

နောက်ဆုံးမှာတော့ သူမအောင်မြင်သွားခဲ့ပေမယ့်လို့ သူတို့ရဲ့အိမ်ထောင်ရေးတွင် ပြဿနာအချို့ပေါ်လာခဲ့ပါတယ်။ Devi ရဲ့ယောက္ခမဖြစ်သူဟာ သူမကိုလုံးဝသဘောမကျတာဖြစ်ကာ Adhiraj ရဲ့ မုဆိုးမ မရီးဖြစ်သူကလည်း Adhiraj ရဲ့အချစ်ကိုရဖို့ ကြိုးစားနေခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးမှာ ဘယ်လိုပြဿနာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

မေတ္တာကစားပွဲ (Jeet Gayi Toh Piya Morey) အချစ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d