Friday, September 22, 2023
HomeEntertainmentအမှန်တရားကိုဖော်ထုတ်ကြမယ့် အမှုစစ်နှစ်ဦးအကြောင်းဇာတ်လမ်း 'Military Prosecutor Doberman'

အမှန်တရားကိုဖော်ထုတ်ကြမယ့် အမှုစစ်နှစ်ဦးအကြောင်းဇာတ်လမ်း ‘Military Prosecutor Doberman’

အမှုစစ်နဲ့ အမဲလိုက်ခွေး (Military Prosecutor Doberman) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသားချော Ahn Bo-hyun နဲ့ မင်းသမီးချော Jo Bo-ah တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး 2022 ခုနှစ်တွင် ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

Do Bae-man (Ahn Bo-hyun) ဟာ မိဘတွေသေဆုံးပြီးနောက် အထက်တန်းကျောင်းကနေ ထုတ်ပယ်ခံရပြီး စစ်မှုမထမ်းဆောင်ရအောင် ကြိုးပမ်းခဲ့ပေမယ့် ဘွဲ့ရတဲ့အချိန်မှာတော့ သူဟာရှေ့နေတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်လျှောက်လွှာကို ဥပဒေကုမ္ပဏီအများအပြားက လက်မခံဘဲ ပယ်ချခြင်းခံခဲ့ရပြီးနောက်တွင် Do Bae-man ရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့ ဉာဏ်အမြော်အမြင်ရှိမှုကြောင့် ရှေ့နေ Yong Moon-go ရဲ့အလုပ်ကမ်းလှမ်းမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Instagram

Cha Woo-in (Jo Bo-ah)ဟာ လုပ်ငန်းစုကြီးတစ်ခုရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အမှုစစ်ဖြစ်ကာ ကိုယ်ခံပညာအရမ်းကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သူမဖခင်အတွက် လက်စားချေဖို့ကြိုးပမ်းနေသူ တစ်ယောက်အဖြစ် တွေ့မြင်ရမှာပါ။ 

Instagram

ဒီဇာတ်လမ်းတွဲဟာ ငွေနဲ့ကျော်ကြားမှုအတွက် စစ်ဘက်ဆိုင်ရာ အမှုစစ်တစ်ဦးဖြစ်လာခဲ့တဲ့ Do Bae-man နဲ့ အသိုင်းအဝိုင်းကြီးတဲ့ မိသားစုတွင်မွေးဖွားခဲ့ပြီး လက်စားချေရန်အတွက် စစ်ဘက်ဆိုင်ရာ အမှုစစ်ဖြစ်လာခဲ့တဲ့ Cha Woo-in တို့အကြောင်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

အမှုစစ်နဲ့ အမဲလိုက်ခွေး (Military Prosecutor Doberman) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: