Bad Boys vs Crazy Girls ဇာတ်လမ်းတွဲဟာ အင်ဒိုနီးရှားလူငယ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Asriaci ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ကာ ဒါရိုက်တာ Emil Heradi နဲ့ Josephine L. Winardi တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ 2022 ခုနှစ်တွင်ထွက်ရှိလာခဲ့တဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ အဓိကဇာတ်ကောင်တွေအဖြစ် မင်းသား Devano Danendra နဲ့ မင်းသမီး Megan Domani တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက Liam ( Devano Danendra ) နဲ့ Kate ( Megan Domani ) တို့ဟာ ကျောင်းတွင်နာမည်အကြီးဆုံး ကျောင်းသားနှစ်ဦးဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်မရတာကြောင့် ဘယ်တော့မှ အပေါင်းအသင်းမလုပ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ SMA Merah Putih အမည်ရတဲ့ ဘော်ဒါကျောင်းသို့ အတူပြောင်းရွှေ့ခြင်းခံလိုက်ရတယ်ဟု သိလိုက်ရတဲ့အခါမှာတော့ အရမ်းကိုအံ့သြသွားခဲ့ကြပါတယ်။
Liam နဲ့ Kate တို့ဟာ သူတို့မတက်ရောက်ချင်တဲ့ ဘော်ဒါကျောင်းကို ပြောင်းရွှေ့ခံရတဲ့အတွက် မိဘတွေကိုဆန့်ကျင်တဲ့အနေနဲ့ ဒီကျောင်းကိုရောက်တဲ့အခါမှာတော့ ပြဿနာတွေကို ဖန်တီးခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ အပြန်အလှန်မုန်းတီးနေကြပေမယ့် သူတို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ အတူတကွလုပ်ဆောင်ဖို့ ဖြစ်လာကြပါတယ်။

သူတို့နှစ်ယောက်ကြားမှာ ပဋိပက္ခတွေများစွာဖြစ်ပေါ်ရင်းကနေ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေတိုးကာ ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာပုံကို ကြည့်ရှုရမယ့် အချစ်ဟာသ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။
Viu ရဲ့ original series ဖြစ်တဲ့ Bad Boys vs Crazy Girls အင်ဒိုနီးရှားအချစ်ဟာသ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။