ချင်မင်းဆက်နှောင်းပိုင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစောပိုင်းကာလတွေမှာ ဆိုးသွမ်းတဲ့ အမှောင်ထုတပ်ဖွဲ့တွေ သောင်းကျန်းထကြွခဲ့ကြပါတယ်။ ပုလိပ်အရာရှိ Kong Xueli နဲ့ စုံစမ်းစစ်ဆေးရေး အရာရှိ Fang Dong တို့ဟာ အမှောင်အင်အားစုတွေရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ရန် သူတို့ရဲ့ခေတ်မီသိပ္ပံပညာကို အသုံးပြုပြီး လူတွေရဲ့ကြောက်ရွံ့စိုးရိမ်မှုတွေကို ဖြေဖျောက်ပေးခဲ့ကြပါတယ်။

Kong Xueli နဲ့ Fang Dong တို့ဟာ အကျင့်စရိုက်ချင်း အရမ်းကိုကွဲပြားတဲ့သူတွေ ဖြစ်ကြပေမယ့် သူတို့မှာတူညီတာတစ်ခုကတော့ ရိုးသားပြီးတရားမျှတတဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ထားကြတာပါ။ အမှောင်အင်အားစုတွေရဲ့ လျှို့ဝှက်မှုတွေကို ဖော်ထုတ်ရင်း အယူသီးမှုတွေကို သုတ်သင်ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွင် သူတို့နှစ်ဦးဟာ ဘဝရဲ့သေဖော်သေဖက် ညီအစ်ကိုကောင်းတွေ ဖြစ်လာခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ Kong Xueli ဟာ စားသောက်ဆိုင်ပိုင်ရှင်မလေးကို မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့် အနှောင့်အယှက်အတားအဆီးတွေကြောင့် သူတို့ရဲ့အချစ်ရေးက ထင်သလောက်မလွယ်ကူနေခဲ့ပါဘူး။ နောက်ဆုံးမှာ ဒီအတားအဆီးတွေကိုကျော်လွန်ပြီး ချစ်သူတွေဆုံစည်းနိုင်မလားဆိုတာကို ကြည့်ရှုရမယ့် Hot Blooded Detective တရုတ်ဇာတ်လမ်းတွဲကောင်းလေးပဲ ဖြစ်ပါတယ်။

Hot Blooded Detective ဇာတ်လမ်းတွဲတွင် ပုလိပ်အရာရှိ Xueli အဖြစ် မင်းသား Zhang Yu Jian, Fang Dong အဖြစ် မင်းသား Wu Chong Xuan, Lian Haiping အဖြစ် မင်းသမီး Liang Jie, Hu Xuan Xuan အဖြစ် မင်းသမီး Ma Li, Zhang Cui Lan အဖြစ် မင်းသမီး Hu Dong Qing နဲ့ ဇာတ်ကောင် Zao Zi Jin အဖြစ် မင်းသမီး Zhao Shi Yi တို့က အဓိကပါဝင်ထားကြပါတယ်။
Hot Blooded Detective တရုတ်ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။