Wednesday, April 24, 2024
HomeEntertainmentအပျိုစင်တစ်ယောက် ထူးထူးဆန်းဆန်း ကိုယ်ဝန်ဆောင်ဖို့ဖြစ်လာရပုံကို ကြည့်ရမယ့် "Woori the Virgin"

အပျိုစင်တစ်ယောက် ထူးထူးဆန်းဆန်း ကိုယ်ဝန်ဆောင်ဖို့ဖြစ်လာရပုံကို ကြည့်ရမယ့် “Woori the Virgin”

2022 ခုနှစ် တောင်ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Woori the Virgin ကို ဇာတ်ညွှန်း ဒါရိုက်တာအဖြစ် Jeong Jeong-hwa က ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Im Soo-hyang, Hong Ji-yoon, မင်းသား Sung-hoon, Shin Dong-wook နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ အမေရိကန်စီးရီး Jane the Virgin ကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

viu.com

သူမရဲ့အပျိုစင်ဘဝကို ထိန်းသိမ်းထားခဲ့တဲ့ အမျိုးသမီး Oh Woo-ri ဟာ ဆရာဝန်ရဲ့အမှားကြောင့် cosmetic group ရဲ့ စီအီးအိုဖြစ်သူ Raphael ရဲ့ကလေးကို ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာခဲ့တဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဟာသဒရာမာ ဖြစ်ပါတယ်။

viu.com

ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Im Soo-hyang က ထုတ်လွှင့်ပြသနေဆဲ နာမည်ကြီးဒရာမာတစ်ခုရဲ့ လက်ထောက်ဇာတ်ညွှန်းရေးဆရာမ Oh Woo-ri အဖြစ် ပါဝင်ထားတာဖြစ်ပြီး မင်းသား Sung-hoon ကိုတော့ အသက် 33 နှစ်အရွယ် Diamond Cosmetics ရဲ့စီအီးအိုတစ်ဦးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မင်းသား Shin Dong-wook က အသက် 33 နှစ်အရွယ် Woo-ri ရဲ့ချစ်သူ လူသတ်မှုစုံထောက်တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။

Woori the Virgin အချစ်ဟာသ ကိုးရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading