Friday, September 22, 2023
HomeEntertainmentအနုပညာရှင်တွေရဲ့လက်တွေ့ဘဝအကြောင်းကိုမြင်ရမယ့် Shooting Stars

အနုပညာရှင်တွေရဲ့လက်တွေ့ဘဝအကြောင်းကိုမြင်ရမယ့် Shooting Stars

ကြယ်ပွင့်များရဲ့ ပဲ့ကိုင်ရှင် (Shooting Stars) ဟာ 2022 ခုနှစ်ထွက် တောင်ကိုးရီးယားဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး မင်းသမီး Lee Sung-kyung, Kim Yoon-hye, Park So-jin, မင်းသား Kim Young-dae, Yoon Jong-hoon, နဲ့ Lee Jung-shin တို့က အဓိကပါဝင်ထားကြပါတယ်။

pinterest

ဒါရိုက်တာ Lee Soo-hyun ရိုက်ကူးထားပြီး အချစ်ဟာသဇာတ်လမ်းလေးဖြစ်တဲ့ ဒီဇာတ်လမ်းတွဲလေးဟာ စီမံခန့်ခွဲမှုအေဂျင်စီ Starforce Entertainment ရဲ့ PR အဖွဲ့ခေါင်းဆောင် Oh Han-byul နဲ့ ထိပ်တန်းကြယ်ပွင့် Gong Tae-sung တို့ရဲ့ အချစ်အမုန်းဆက်ဆံရေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Oh Han-Byul (Lee Sung-kyung) ဟာ စီမံခန့်ခွဲမှုကုမ္ပဏီတစ်ခုရဲ့ PR team leader တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ စကားပြောခြင်းနဲ့ အကျပ်အတည်းတွေ စီမံခန့်ခွဲရာမှာ အရမ်းကိုကောင်းမွန်တဲ့ အရည်အချင်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။ Gong Tae-Sung (Kim Young-Dae) ဟာ Oh Han-Byul အလုပ်လုပ်တဲ့ စီမံခန့်ခွဲမှုကုမ္ပဏီရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး သူ့ရဲ့ကြင်နာတတ်ပြီး ယဉ်ကျေးတဲ့ပုံစံကြောင့် လူတွေရဲ့ချစ်ခင်ခြင်းကို ရရှိထားသူပါ။ ဒါပေမယ့် Gong Tae-Sung မှာ လူတွေမသိသေးတဲ့ တခြားပုံစံမျိုးရှိလို့နေတာဖြစ်ပြီး တကယ်တမ်းမှာတော့ သူဟာ အနိုင်ယူလိုစိတ်ပြင်းပြပြီး ဒေါသကြီးသူတစ်ယောက် ဖြစ်ပါတယ်။

pinterest

Oh Han-Byul နဲ့ Gong Tae-Sung တို့ဟာ အရာရာမှာ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်ပေါ်ကာ တစ်ယောက်နဲ့တစ်ယောက် ကြည့်မရဘဲ မုန်းတီးနေကြတာပါ။ ချစ်ခြင်းအစ မုန်းခြင်းကဆိုသလိုမျိုး သူတို့ရဲ့အပေါ်ယံမုန်းတီးမှုတွေက သူတို့ရဲ့ချစ်ခြင်းတွေကို မတားဆီးနိုင်ဘဲ ကြည်နူးဖွယ်ဇာတ်လမ်းလေးအဖြစ် ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းတွဲကောင်းလေး ဖြစ်ပါတယ်။

ကြယ်ပွင့်များရဲ့ ပဲ့ကိုင်ရှင် (Shooting Stars) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: