Monday, January 30, 2023
HomeEntertainmentအထည်ကြီးပျက်မိန်းကလေးနဲ့ ချမ်းသာပြီးစရိုက်ဆန်တဲ့ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း "ဒါလီနဲ့ မာနမင်းသား"

အထည်ကြီးပျက်မိန်းကလေးနဲ့ ချမ်းသာပြီးစရိုက်ဆန်တဲ့ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း “ဒါလီနဲ့ မာနမင်းသား”

ဒါလီနဲ့ မာနမင်းသား (Dali and Cocky Prince) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Kim Min-jae, Kwon Yul, Hwang Hee, မင်းသမီး Park Gyu-young နဲ့ Yeonwoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပြိုလဲပျက်စီးတော့မယ့် အနုပညာပြတိုက်ကို ကယ်တင်ရန်ကြိုးစားနေတဲ့ အထက်တန်းလွှာ မိသားစုရဲ့သမီးဖြစ်သူနဲ့ ပညာရေးမှာ ချို့တဲ့ပေမယ့် ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတို့ကြား အချစ်ရေးကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

Instagram

ဇာတ်လမ်းပုံစံက နယ်သာလန်တွင် လည်ပတ်နေတဲ့ သုတေသီ Kim Dali ဟာ စားသောက်ဆိုင်ပိုင်ရှင် Jin Moo-hak နဲ့ တွေ့ဆုံခဲ့ဖူးတာ ဖြစ်ပါတယ်။ သူမဖခင်သေဆုံးသွားတဲ့အချိန်မှာတော့ Dali ဟာ မိသားစုရဲ့ခက်ခဲရုန်းကန်နေရတဲ့ အနုပညာပြတိုက်ကို စီမံခန့်ခွဲရန်အတွက် အိမ်သို့ပြန်လာခဲ့ပါတယ်။ Moo-hak ဟာ အနုပညာပြတိုက်ရဲ့ အဓိကကြွေးမြီရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့အကြွေးတွေကိုတောင်းခံဖို့ ရောက်လာခဲ့တာဖြစ်ကာ သူတို့နှစ်ယောက်ဟာ မမျှော်လင့်ဘဲ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Moo-hak ဟာ သူ့ပိုက်ဆံကို ပြန်ရဖို့ဆိုတာထက် Dali ကို ကူညီပေးကာ ပြတိုက်ကိုပြန်လည်ထူထောင်နိုင်ဖို့ လုပ်ဆောင်ပေးခဲ့တာပါ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးတွေ ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

Instagram

ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Kim Min-jae ကို စားသောက်ဆိုင်အဖြစ် စတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dondon F&B ရဲ့ဒါရိုက်တာ Jin Moo-hak အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဇာတ်ကောင် Kim Dali အဖြစ် Park Gyu-young ကပါဝင်ထားကာ Cheong-song Art Museum ရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။ သူမဟာ နယ်ပယ်အသီးသီးတွင်ကျွမ်းကျင်ပိုင်နိုင်ပြီး ဘာသာစကားခုနစ်မျိုးကို တတ်ကျွမ်းသူဖြစ်ပေမယ့် ချက်ပြုတ်ခြင်းလိုမျိုး အိမ်မှုကိစ္စတွေမှာတော့ လုံးဝကျွမ်းကျင်မှုမရှိတာ ဖြစ်ပါတယ်။

ဒါလီနဲ့ မာနမင်းသား (Dali and Cocky Prince) ကိုးရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: