Thursday, June 1, 2023
HomeEntertainmentအစားအသောက်နဲ့ အချစ်အသားပေးဇာတ်လမ်းလေး "Bite Me"

အစားအသောက်နဲ့ အချစ်အသားပေးဇာတ်လမ်းလေး “Bite Me”

Bite Me ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ အစားအသောက်နဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ Aue ဟာ သူ့ရဲ့အစားအသောက်ဖန်တီးမှုမှာ အပြည့်အဝစိတ်တက်ကြွမှု မပေးနိုင်တာကြောင့် ဘာတွေလွဲချော်နေလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြိုးစားနေရင်းနဲ့ပဲ ဟင်းချက်ဖို့အတွက် သူ့ရဲ့အာရုံစိုက်နိုင်စွမ်းတွေ ပျောက်ဆုံးသွားခဲ့တာပါ။

viu.com

Aue လုံးဝမျှော်လင့်မထားတဲ့ သူ့ရဲ့ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းကို သာမန်အစားအသောက်ပို့သမားလေး Aek ဆီမှာ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ Aek ဟာ သာမန်အစားအသောက်တွေ ပို့ဆောင်ပေးတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပေမယ့်လို့ သူ့ဆီမှာ ထူးထူးခြားခြားကျွမ်းကျင်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

Aue အတွက် လိုအပ်နေတဲ့ အရာတွေကို Aek တစ်ယောက် တကယ်ပဲရှာဖွေပေးနိုင်ပါ့မလား သူတို့နှစ်ယောက်ကြားမှာရော ဘယ်လိုအကြောင်းအရာလေးတွေက ဆက်ဖြစ်ပေါ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အစားအသောက်အချစ် ဘဝအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ခုပဲဖြစ်ပါတယ်။

viu.com

Bite Me ထိုင်းဇာတ်လမ်းတွဲကို ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် David Bigander က ရိုက်ကူးပုံဖော်ထားပြီး မင်းသား Mark Siwat Jumlongkul နဲ့ မင်းသား Zung Kidakarn Chatkaewmanee တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ Bite Me ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: