Thursday, June 1, 2023
HomeEntertainmentအောင်မြင်မှုကို ရယူကြမယ့် ရေကူးအားကစားသမားလေးတွေရဲ့ဇာတ်လမ်း "I Swim"

အောင်မြင်မှုကို ရယူကြမယ့် ရေကူးအားကစားသမားလေးတွေရဲ့ဇာတ်လမ်း “I Swim”

I Swim တရုတ်ဇာတ်လမ်းတွဲဟာ လူငယ်အားကစားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသား Edan Lui, Jeffrey Ngai, မင်းသမီး Sofiee Ng နဲ့ Angela Yuen တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Stanley Yau, Alan Yeung, Phoebus Ng, George Au နဲ့ သရုပ်ဆောင်တွေများစွာက ကူညီအားဖြည့်ပေးထားပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက လူငယ်ရေကူးသမားနှစ်ဦးကြားက ပြိုင်ဆိုင်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ပင်ကိုယ်စွမ်းရည်နဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုတို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထူးချွန်ရေကူးသမား Chung ဟာ ပြောင်းရွှေ့လာတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းသစ်တွင် Wing ဦးဆောင်တဲ့ ရေကူးအဖွဲ့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

youtube.com

Chung က သူ့ရဲ့ပထမဆုံးရေကူးပြိုင်ပွဲတွင် သူ့ရဲ့စွမ်းရည်ကိုပြသဖို့ စီစဉ်ထားခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ ရေငုပ်ခြင်းတွင် ခံနိုင်ရည်မရှိခြင်းကိုသာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူလုပ်လိုက်မိတဲ့အမှားက သူ့အသင်းကို ရှုံးသွားစေခဲ့တာဖြစ်ကာ ဒီကိစ္စကြောင့် Chung ဟာ ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Chung က သူ့အတွက်လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို လေ့လာသင်ယူခဲ့တာပါ။ Wing နဲ့ Chung တို့ပါဝင်တဲ့ ဒီရေကူးအဖွဲ့ဟာ တကယ်ပဲ သူတို့လိုချင်တဲ့ အောင်ပွဲကိုရနိုင်ပါ့မလား သူတို့ရဲ့အခက်အခဲတွေကို ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

လူငယ်အားကစားဇာတ်လမ်းတွဲ I Swim ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: