Saturday, April 20, 2024
HomeEntertainmentအောင်မြင်နေတဲ့အမျိုးသမီး ၃ ဦးအကြောင်း အသားပေးရိုက်ကူးထားတဲ့ "Search: WWW"

အောင်မြင်နေတဲ့အမျိုးသမီး ၃ ဦးအကြောင်း အသားပေးရိုက်ကူးထားတဲ့ “Search: WWW”

Romance, melodrama အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းတွဲလေးဟာ ထိပ်တန်းအပြိုင်အဆိုင် web portal ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Unicon နဲ့ Barro တွင် အလုပ်လုပ်နေကြတဲ့ အသက်သုံးဆယ်ကျော်အရွယ် Bae Ta-mi, Cha Hyeon နဲ့ Song Ga-kyeong အမျိုးသမီးသုံးဦးတို့ရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။

Pinterest/Scoompi

Bae Ta-mi (Im Soo-jung) ဟာ အသက် 38 နှစ်အရွယ် ထိပ်တန်းဝက်ဘ်ပေါ်တယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unicon ရဲ့ ရှာဖွေရေးဌာန ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ သူမဟာ ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝကာ ဆုံးဖြတ်နိုင်စွမ်းနဲ့ ပန်းတိုင်ကို ရောက်အောင်သွားတတ်တဲ့ သူမျိုးဖြစ်ပြီး အကျင့်စာရိတ္တလည်း ကောင်းမွန်ပြည့်စုံသူ တစ်ယောက်ပါ။ အလုပ်လုပ်ရတာကို ပျော်နေတတ်တဲ့ Bae Ta-mi ဟာ တစ်စုံတစ်ယောက်နဲ့ ဒိတ်လုပ်ဖို့အချိန်မပေးနိုင်သလို လက်ထပ်ဖို့ကိုလည်း စိတ်တောင်မကူးမိတဲ့ သူမျိုးဖြစ်ပါတယ်။

Cha Hyeon (Lee Da-hee) ကတော့ Unicon ရဲ့ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Barro ရဲ့ လူမှုရေးဒါရိုက်တာတစ်ဦးဖြစ်ပြီး သူမဟာ အပြင်ပန်းတွင် မာကျောခက်ထန်ပုံရပေမယ့် အရမ်းကိုနွေးထွေးတဲ့ နှလုံးသားရှိသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Jujitsu ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အရမ်းကို ထူးချွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ အားလုံးအတွက် ဆေးဖိုးဝါးခတွေ ထောက်ပံ့ပေးနိုင်မယ့် အရမ်းချမ်းသာသူတစ်ယောက် ဖြစ်ဖို့ပဲဖြစ်ပါတယ်။

pinterest/@CY

Song Ga-kyeong (Jeon Hye-jin) ဟာ Unicon ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူမဟာတစ်ချိန်က Ta-mi နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Cha Hyeon ကျောင်းရဲ့ စီနီယာတစ်ဦးလည်းဖြစ်သလို သူမရဲ့မိသားစုဟာ ဘက်ထရီစီးပွါးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးတာပါ။ စီးပွါးရေးအကြောင်းပြချက်ဖြင့် Oh Jin-woo နဲ့လက်ထပ်ခဲ့ပြီး သူတို့ဟာ စာချုပ်အရသာ လင်မယားတွေဖြစ်ပါတယ်။ သူမတို့မိသားစုရဲ့ စီးပွါးရေးကျဆင်းသွားပြီးနောက် Ga-kyeong ဟာ ယောက္ခမရဲ့ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာခဲ့ပါတယ်။

ပန်းပွင့်များရဲ့ စိန်ခေါ်မှု (Search: WWW) ကိုးရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading