Lovesignal ဇာတ်လမ်းတွဲဟာ Viu တွင် 2022 ခုနှစ် October 7 ရက်နေ့က စတင်ထုတ်လွှင့်ပြသခဲ့တဲ့ တရုတ်ဒရာမာ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက တစ်အိမ်ထဲတွင်အတူနေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ဆက်ဆံရေးအခြေအနေတွေနဲ့ သူတို့နေ့စဉ်ဘဝ အကြောင်းအရာလေးတွေကို အတူဝေမျှခံစားရင်း ဘဝကိုဖြတ်သန်းနေကြတဲ့ ပုံစံလေးကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အောင်မြင်တဲ့ဆက်ဆံရေးအတွက် အချစ်နဲ့ပတ်သက်တဲ့ အချက်ဆယ်ချက်ရှိရမယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ သင်ဟာချစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ love signal ဆယ်ချက်ကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးကို ဟာသပုံစံဖြင့် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
အချစ်ဟာသလူငယ်ဇာတ်လမ်းလေး Lovesignal တွင် မင်းသမီး Lam Ting က ဇာတ်ကောင် Ling အဖြစ်ပါဝင်ထားပြီး မင်းသား ANSONBEAN ကိုတော့ ဇာတ်ကောင် Jason အဖြစ် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ Lovesignal တရုတ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။