တိမ်ယံထက်က လင်းလက်ကြယ် (The Brightest Star in the Sky) တရုတ်ဇာတ်လမ်းတွဲတွင် မင်းသား Z. Tao နဲ့ မင်းသမီး Janice Wu တို့က အဓိကပါဝင်ထားကြပြီး မင်းသား Niu Jun Feng, မင်းသမီး Cao Xi Yue နဲ့ တခြားသရုပ်ဆောင်တွေများစွာက ကူညီအားဖြည့်ပေးထားပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Liu Yi Zhi က ရိုက်ကူးထားတာဖြစ်ကာ ဂီတအချစ် ဟာသဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။

Star Entertainment ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဖျော်ဖြေရေး အေဂျင်စီတစ်ခု ဖြစ်ပါတယ်။ Cheng Tian Hao နဲ့ Du Wan Qing တို့ဇနီးမောင်နှံနှစ်ဦးက ဒီကုမ္ပဏီကို စတင်တည်ထောင်ခဲ့ကြပေမယ့် ကုမ္ပဏီစီမံခန့်ခွဲမှုတွင် သဘောထားကွဲလွဲမှုတွေကြောင့် လမ်းခွဲခဲ့ကြပါတယ်။
Yang Zhen Zhen ဟာ ဂီတကိုဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမဟာ Star Entertainment သို့ဝင်ရောက်လာခဲ့ကာ Zheng Bo Xu ရဲ့လက်ထောက်အဖြစ် လုပ်ကိုင်ရန် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ Bo Xu ဟာ မာနကြီးပြီး ရမ်းကားတတ်တဲ့ အိုင်ဒေါတစ်ယောက်ဖြစ်ကာ Zhen Zhen ရဲ့ အကူအညီဖြင့် သူ့ရဲ့လိုအပ်ချက်တွေကို ပြုပြင်လာနိုင်ပြီး နောက်ဆုံးမှာတော့ Bo Xu ဟာ အရည်အချင်းရှိတဲ့ အဆိုတော်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားနိုင်ခဲ့တာပါ။

ဒီလုပ်ငန်းစဉ်တွင် Zhen Zhen ဟာလည်း အတွေ့အကြုံတွေပိုရှိလာခဲ့ပြီး အရည်အချင်းရှိတဲ့ idol မန်နေဂျာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Du Wan Qing က Bo Xu ရဲ့အကြီးမားဆုံး ပြိုင်ဘက်ဖြစ်လာမယ့် အဆိုတော် Yu Zi Rui ကို ပြုစုပျိုးထောင်ပေးလျက် ရှိတာပါ။ ဇနီးမောင်နှံနှစ်ယောက်ရဲ့ တင်းမာတဲ့စစ်ပွဲအလယ်တွင် ရပ်နေကြတဲ့ Zheng Bo Xu, Yang Zhen Zhen အပြင် Yu Zi Rui တို့ရဲ့ကံကြမ္မာက ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
တိမ်ယံထက်က လင်းလက်ကြယ် (The Brightest Star in the Sky) တရုတ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။