A Love So Beautiful တရုတ်ဇာတ်လမ်းတွဲဟာ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး မင်းသား Hu Yitian နဲ့ မင်းသမီး Shen Yue တို့အဓိကပါဝင်သရုပ်ဆောင်ထားကာ စာရေးဆရာမ Zhao Qianqian ရဲ့ To Our Pure Little Beauty ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

2017 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ ဒီတရုတ်ဇာတ်လမ်းတွဲကို 2020 မှာတော့ ကိုးရီးယားဗားရှင်းဖြင့် ပြန်လည်ရိုက်ကူးပုံဖော်ထားခဲ့တာလည်း ဖြစ်ပါတယ်။ A Love So Beautiful ဇာတ်လမ်းတွဲဟာ ဇာတ်ရုပ်နဲ့ ဇာတ်လမ်းပုံစံအတွက် အပြုသဘောဆောင်တဲ့ သုံးသပ်ချက်များစွာကို ရရှိခဲ့ပြီးတော့ အွန်လိုင်းတွင် ကြည့်ရှုမှုပေါင်း 5.5 ဘီလီယံကျော်အထိ ရှိခဲ့တာပါ။

အိမ်နီးနားချင်းတွေဖြစ်ကြတဲ့ အထက်တန်းအတန်းဖော် Chen Xiao Xi နဲ့ Jiang Chen တို့ရဲ့ဇာတ်လမ်းလေးကို တွေ့မြင်ရမှာပါ။ စာကျက်ရမှာပျင်းပြီး ပျော်ရွှင်စွာနေတတ်တဲ့ မိန်းကလေး Xiao Xi ဟာ စာတော်ပြီး ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ Jiang Chen ကို သဘောကျအထင်ကြီးနေသူ ဖြစ်ပါတယ်။ အတန်းဖော်သူငယ်ချင်းတွေဖြစ်ကြတဲ့ ရယ်စရာကောင်းတဲ့ Lu Yang, သစ္စာရှိတဲ့ အားကစားသမားလေး Jing Xiao နဲ့ ခပ်မိုက်မိုက် ရေကူးအဖွဲ့ဝင် Wu Bo Song တို့နဲ့အတူ သူတို့ရဲ့အထက်တန်းကျောင်းသားဘဝမှ အရွယ်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားတွေ ဖြစ်လာကြတဲ့အထိ ကြည်နူးဖွယ် ဇာတ်လမ်းတွေကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
အချစ်ဟာသ လူငယ်ဘဝ ဇာတ်လမ်းလေး A Love So Beautiful တရုတ်ဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။