အချစ်ပြိုင်ဘက်နှစ်ယောက်ကြားက မုန်းတီးနာကြည်းမှုတွေက သူတို့ရဲ့သားစဉ်မြေးဆက်တွေအထိကို ဆက်သွားခဲ့ပြီး စစ်ပွဲတစ်ခုအဖြစ် ကြီးထွားလာခဲ့ပါတယ်။ Onnapa ဟာ နိုင်ငံအတွင်း အကြီးဆုံးပန်းလုပ်ငန်းကို ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးတစ်ဦးရဲ့ အငယ်အနှောင်းတစ်ဦးပါ။ သူမဟာ ခင်ပွန်းဖြစ်သူရဲ့ တရားဝင်ဇနီး Kannika ရဲ့ ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကို နှစ်ပေါင်းများစွာခံခဲ့ရပါတယ်။ ခင်ပွန်းဆုံးပါးသွားတဲ့အခါမှာတော့ တရားဝင်ဇနီး Kannika က Onnapa နဲ့ သူမရဲ့သမီး Ornsalao တို့ကို အိမ်မှနှင်ထုတ်လိုက်ပါတယ်။

ဆယ်စုနှစ်များစွာ ကျော်လွန်သွားခဲ့ပေမယ့် Onnapa ကတော့ သူမခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေအတွက် အငြိုးအတေးဒေါသတွေ မပြေလျော့နိုင်ခဲ့ပါဘူး။ သူတို့ရဲ့မကျေအေးနိုင်တဲ့ ရန်ငြိုးတွေကနေ Onnapa ရဲ့သမီး Ornsalao နဲ့ Kannika ရဲ့သမီးဖြစ်သူ Thantawan တို့ဟာလည်း ရန်သူတွေဖြစ်လာခဲ့ကြပါတယ်။
Thantawan ဟာ သူမရဲ့ခင်ပွန်းဟောင်း Cheewin နဲ့အတူ စီးပွါးရေးတွင်အောင်မြင်နေသူဖြစ်ပေမယ့် သူမဟာ အချစ်ရေးတွင်တော့ ကံမကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့လက်ရှိခင်ပွန်း Warnut က လောင်းကစားသမားတစ်ယောက်ဖြစ်ပြီး ပိုက်ဆံအမြဲလိုနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး Thantawan ဟာ သူမနဲ့အသက်အရမ်းကွာတဲ့ Worakorn နဲ့ပတ်သက်နေပြီး သူဟာ Ornsalao ရဲ့သားဆိုတာကိုတော့ သူမ မသိခဲ့ပါဘူး။

အဘိုးအဘွားတွေကနေ စတင်ခဲ့တဲ့ ရန်ငြိုးတွေဟာ မြေးမြစ်တွေအထိကို ဆက်သွားစေခဲ့ပြီး လှည့်စားမှု၊ သစ္စာဖောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းက ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
အမုန်းပန်းရဲ့ ရာဇဝင် (The War of Flowers) ထိုင်းဇာတ်လမ်းတွဲတွင် မင်းသမီး Lukkade Metinee Kingpayome, Sonia Couling, Aye Sarunchana Apisamaimongkol, June Wanwimol Jaenasavamethee, Duangdao Jarujinda, Tuk Deuntem Salitul မင်းသား Krist Perawat Sangpotirat, Gun Atthaphan Phunsawat, Fiat Patchata Janngeon နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြပါတယ်။ အမုန်းပန်းရဲ့ ရာဇဝင် (The War of Flowers) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။