1998 ခုနှစ်တွင် Zhang Changgong ဟာ IT ကုမ္ပဏီတစ်ခုတွင် developer တစ်ဦးအဖြစ် လုပ်ကိုင်ရင်း အောင်မြင်မှုရရှိနေခဲ့သူ တစ်ယောက်ပါ။ သူဟာ ကြင်နာတတ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ တက္ကသိုလ်ကျောင်းသူလေး Li Muzi နဲ့ဆုံစည်းကာ ချစ်မိသွားခဲ့တာ ဖြစ်ပါတယ်။

မကြာမီတွင် ကံမကောင်းစွာနဲ့ IT လုပ်ငန်းဟာ စီးပွါးရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရပြီးနောက် Zhang Changgong ဟာ အလုပ်လက်မဲ့ဘဝကို ရောက်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေနဲ့ မိသားစုရဲ့အကူအညီတွေဖြင့် Changgong ဟာ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်း နောက်ဆုံးမှာတော့ သူဟာ အရောင်းရဆုံးစာအုပ်ကို ရေးသားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
My Story for You ဆိုတဲ့ အချစ်ဟာသနဲ့ ဘဝအကြောင်းပုံဖော်ထားတဲ့ တရုတ်ဒရာမာဇာတ်လမ်းတွဲလေးဟာ Tang Jia San Shao ရဲ့အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး စာရေးဆရာ Tang Jia San Shao နဲ့ သူ့ဇနီးတို့ကြားက 16 နှစ်ကြာအချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးတွင် မင်းသမီး Zheng Shuang နဲ့ မင်းသား Luo Jin တို့က အဓိကပါဝင်ထားပြီး Zhang Yi Shang, Li Yi Yi, Qin Yi Ming, Jin Hao နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။
My Story for You တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။