Monday, December 11, 2023
HomeEntertainmentအခက်အခဲတွေကြားက အောင်မြင်ဖို့ကြိုးစားကြမယ့် သူငယ်ချင်းသုံးယောက်ရဲ့ဇာတ်လမ်း "We Got Game"

အခက်အခဲတွေကြားက အောင်မြင်ဖို့ကြိုးစားကြမယ့် သူငယ်ချင်းသုံးယောက်ရဲ့ဇာတ်လမ်း “We Got Game”

We Got Game ဟောင်ကောင်ဇာတ်လမ်းတွဲဟာ ခင်မင်ရင်းနှီးမှု အားကစား ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Louis Cheung, Edan Lui, Fatboy, Ian Chan, Keung To, Stanley Yau နဲ့ Denis Kwok တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

Hau ဟာ fast food စားသောက်ဆိုင်တစ်ဆိုင်တွင် လုပ်ကိုင်နေတဲ့ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အရမ်းကိုအလုပ်များတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လို့ မနက်စောစောတိုင်းမှာ အများပိုင် ဘက်စကတ်ဘောကွင်းတွင် ဘက်စကတ်ဘောကစားတတ်တာ ဖြစ်ပါတယ်။

အထက်တန်းကျောင်းတွင် အနိုင်ကျင့်ခံခဲ့ရပြီးချိန်ကတည်းက Hau ဟာ ဘယ်ပြိုင်ပွဲမှာမှ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တစ်နေ့မှာတော့ လူငယ်တစ်စုကနေ အများပိုင် ဘက်စကတ်ဘောကွင်းကို အတင်းအကျပ်သိမ်းပိုက်ထားခဲ့ပါတယ်။ သူတို့ရဲ့လုပ်ရပ်ကို ဒေါသဖြစ်ခဲ့တဲ့ Bo ဟာ ဒီလူငယ်အုပ်စုနဲ့ယှဉ်ပြိုင်ဖို့ Hau, Leung နဲ့ Tak တို့ကိုရွေးချယ်လိုက်ကာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

youtube.ocm

အစပိုင်းမှာတော့ သူစိမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ သူတို့ရဲ့အဖွဲ့ဟာ chemistry ထိမိမှုလုံးဝမရှိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ထူးခြားတဲ့ပုံစံနဲ့ Bo ရဲ့လေ့ကျင့်ပေးမှုတွေကြောင့် ပြိုင်ဘက်အဖွဲ့ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘက်စကတ်ဘောကွင်းတွင် အောင်မြင်မှုကိုခံစားခဲ့ရပေမယ့် သူတို့သုံးယောက်စလုံးတွင် ကိုယ်ပိုင်ပြဿနာတွေရှိလို့နေတာဖြစ်ပြီး ဘက်စကတ်ဘောကွင်းမှ ထွက်လာတဲ့အချိန်မှာတော့ ဆုံးရှုံးသွားသလို ခံစားခဲ့ရပါတယ်။ သူတို့အတွက် ဘက်စကတ်ဘောကသာ ဒီအခြေအနေကနေ လွတ်မြောက်မယ့် နည်းလမ်းတစ်ခု ဖြစ်လို့နေပါတယ်။

We Got Game ဟောင်ကောင်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d