Monday, December 11, 2023
HomeEntertainmentအကြံသမားကောင်မလေးနဲ့ ရိုးသားတဲ့ကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်း "Sita"

အကြံသမားကောင်မလေးနဲ့ ရိုးသားတဲ့ကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်း “Sita”

Sita ဇာတ်ကားဟာ 2019 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ အိန္ဒိယအချစ်ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Teja က ရိုက်ကူးပုံဖော်ထားကာ Sunkara Ramabrahmam က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Kajal Aggarwal, မင်းသား Bellamkonda Sreenivas နဲ့ Sonu Sood တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

Anand Mohan ဆိုသူဟာ လေးနှစ်အရွယ် Ram ကို Sita က လာစောင့်ရှောက်ပေးလိမ့်မယ်လို့ဆိုတဲ့ ကတိနဲ့အတူ ဘုန်းကြီးကျောင်းတွင် ချန်ထားခဲ့ပါတယ်။ Ram ဟာ အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတဲ့သူတစ်ယောက်ဖြစ်ကာ သူကလည်း Sita ကို ပြန်လည်စောင့်ရှောက်ပေးပါ့မယ်လို့ ကတိပြန်ပေးခဲ့တာပါ။

ဒါပေမယ့် Ram ဟာ Sita နဲ့တွေ့ဖို့ အနှစ် 20 ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးမှာတော့ Sita က Ram ကို တွေ့ဖို့ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် Sita ဟာ Ram ဆီသို့ သူမရဲ့ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ကာ အမွေ ကုဋေငါးထောင် ပိုင်ဆိုင်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ Ram ဟာ Sita နဲ့တွေ့ဆုံရတဲ့အတွက် ဝမ်းသာနေပေမယ့် သူမကတော့ သူ့ကိုလုံးဝစိတ်ဝင်စားခြင်းမရှိဘဲ အမွေတွေရဖို့အတွက်သာ သူ့ကိုလာရောက်ရှာဖွေခြင်း ဖြစ်ပါတယ်။

youtube.com

Sita နဲ့ Ram ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ။ Sita တစ်ယောက် သူမရဲ့အမွေတွေပြန်ရဖို့ ဘယ်လိုမျိုးကြိုးစားသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Sita ဇာတ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d