Sometimes When We Touch ဇာတ်လမ်းတွဲဟာ လျှို့ဝှက်ဆန်းကြယ် အချစ်ဟာသ သဘာဝလွန်ဇာတ်လမ်းမျိုးဖြစ်ပြီး မင်းသား Kent Tsai, Keung To, Chun Hong, မင်းသမီး Eugenie Liu, Tammy Lin နဲ့ Bai Jing Yi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကောလိပ်ကျောင်းသား Stone ဆိုသူဟာ ငယ်စဉ်ကတည်းက သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို စိတ်ဝင်စားနှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ Stone ဟာ သူ crush နေရတဲ့ကောင်မလေးကို ဆွဲဆောင်ရန်အတွက် လူကြိုက်မများလှတဲ့ ‘Supernatural Sensor Society’ သို့ ဝင်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးမစ်ရှင်တစ်ခုကို လုပ်ဆောင်ရန်စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့် အရာအားလုံးက ထင်ထားသလိုဖြစ်မလာခဲ့ပဲ Stone ဟာ သူသဘောကျနေတဲ့ သူ့ရဲ့ crush ကို ကယ်တင်ဖို့ကြိုးစားရင်းကနေ သေဆုံးသွားခဲ့ရတာဖြစ်ကာ သေဆုံးသွားပြီးနောက် Stone ဟာ underworld ရဲ့လမ်းညွှန်ဖြစ်တဲ့ Lou နဲ့တွေ့ဆုံခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Lou ဟာ Stone ရဲ့ဝိညာဉ်ကို မှားယွင်းစွာ ဖမ်းယူမိလိုက်တာဖြစ်ပြီး နောက်ဆုံးတွင် သူ့ကိုပြန်လည်ရှင်သန်နိုင်အောင် လုပ်ဆောင်ပေးခဲ့တာပါ။
Sometimes When We Touch ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။