My Amazing Boyfriend ဇာတ်လမ်းတွဲဟာ သဘာဝလွန်သိပ္ပံ အချစ်ဟာသ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Deng Ke က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Janice Wu, Shen Meng Chen, မင်းသား Kim Tae Hwan နဲ့ Fu Jia တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းပုံစံက ရာစုနှစ်များစွာအိပ်ပျော်နေခဲ့တဲ့ Mutant Xue Ling Qiao ဟာ ကံမကောင်းတတ်တဲ့ သရုပ်ဆောင်မင်းသမီး Tian Jing Zhi ရဲ့ ကားမတော်တဆမှုတစ်ခုကြောင့် နိုးထလာခဲ့ပါတယ်။ Mutant Xue Ling Qiao ဆီမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အတိတ်တွေ ရှိနေခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူဟာ Tian Jing Zhi ရဲ့အိမ်တွင် နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။

အပေါ်ယံမှာတော့ Tian Jing Zhi ဟာ Mutant Xue Ling Qiao ရဲ့စူပါပါဝါတွေကို ဂရုမစိုက်သလို ဟန်ဆောင်နေခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူမဟာ ဒါကိုဖယ်ရှားဖို့ ကြိုးစားနေခဲ့ပါတယ်။ မထင်မှတ်ပဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ဒုက္ခပေးမှုတွေကြားတွင် သူတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းနွေးထွေးလာခဲ့ပါတယ်။ အဲဒီကနေ ချစ်ခြင်းခံစားချက်တွေအဖြစ် ပြောင်းလဲလာခဲ့တာပါ။ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ Mutant Xue Ling Qiao ဆီမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ သူတို့နှစ်ယောက်ရဲ့ အခြေအနေကရော ဘယ်လိုမျိုးပြောင်းလဲလာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
My Amazing Boyfriend အချစ်ဟာသ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။