Thursday, June 1, 2023
HomeEntertainmentသူဌေးတွေရဲ့ မတရားမှုတွေကို ဖော်ထုတ်မယ့်မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်း ‘သခင်ကြီးနဲ့ ငါးပိတို့စရာ’

သူဌေးတွေရဲ့ မတရားမှုတွေကို ဖော်ထုတ်မယ့်မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်း ‘သခင်ကြီးနဲ့ ငါးပိတို့စရာ’

သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးဟာ 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွင် သက်မွန်မြင့်၊ ထွန်းကိုကို၊ ရွှေသမီး၊ နေရဲ၊ ဇင်ဝိုင်းနဲ့ တခြားအနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

youtube.com

သခင်ကြီးနဲ့ ငါးပိတို့စရာ အက်ရှင်ဇာတ်ကားတွင် မင်းသမီး သက်မွန်မြင့်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတာဖြစ်ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်ရင်ကို ထိခဲ့ရတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက တစ်ဦးတည်းရှိတဲ့ ညီမဖြစ်သူကို အင်အားကြီးလူတစ်စုက ရက်ရက်စက်စက် အညွန့်ချိုးလိုက်ကြတဲ့အချိန်မှာ အစ်မဖြစ်သူက ဘယ်လိုမျိုးပြန်လည်တုံ့ပြန်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ငွေကြေးအာဏာပါဝါတွေကြီးမားတဲ့အသိုင်းအဝိုင်းတွေ ကျူးလွန်ခဲ့တဲ့ မတရားမှုအတွက် အမှန်တရားကို မရရတဲ့နည်းနဲ့ ရှာဖွေသွားမယ့် သာမန်အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်အိမ်ကို ပုံဖော်ထားတာဖြစ်ပါတယ်။

facebook.com

မတရားမှုဆိုတာ ဆိတ်ကွယ်ရာမရှိဆိုသလိုမျိုး ဘာအင်အားမှမရှိပေမယ့် မတရားမှုကို ရဲရဲဝံ့ဝံ့တိုက်ခိုက်သွားမယ့် အစ်မတစ်ယောက်ရဲ့ ခံစားချက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ကြရမှာပါ။ သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: