Monday, December 11, 2023
HomeEntertainmentလူသားကောင်မလေးနဲ့ အမြီးကိုးချောင်းမြေခွေးတို့ရဲ့အချစ်ဇာတ်လမ်း My Roommate Is a Gumiho

လူသားကောင်မလေးနဲ့ အမြီးကိုးချောင်းမြေခွေးတို့ရဲ့အချစ်ဇာတ်လမ်း My Roommate Is a Gumiho

My Roommate Is a Gumiho ကိုးရီးယားဇာတ်လမ်းတွဲလေးဟာ မင်းသားချော Jang Ki-yong နဲ့ မင်းသမီးချော Lee Hye-ri တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး 2021 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ အရမ်းကိုလူကြိုက်များခဲ့တဲ့ ဒီဇာတ်လမ်းတွဲလေးဟာ တစ်နိုင်ငံလုံး ကြည့်ရှုမှုအဆင့်သတ်မှတ်ချက် 4% ဖြင့် အပိုင်းတစ်ပိုင်းလျှင် ပျမ်းမျှကြည့်ရှုသူ 948,000 အထိရှိခဲ့တာပါ။

pinterest

Gumiho ဆိုတာကတော့ ကိုးရီးယားရိုးရာပုံပြင်တွေနဲ့ ဒဏ္ဍာရီများတွင် ဖော်ပြထားတဲ့စာအရ “အမြီးကိုးချောင်းရှိတဲ့ မြေခွေး” ဖြစ်ပါတယ်။ မူရင်း webtoon ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ လူသားတစ်ဦးဖြစ်လာရန် နှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့တဲ့ Gumiho နဲ့ လူသားကောလိပ်ကျောင်းသူလေးတစ်ဦးရဲ့ ဇာတ်လမ်းလေးကို စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက Shin Woo-Yeon (Jang Ki-yong) ဟာ ချောမောထက်မြက်တဲ့ ပါမောက္ခတစ်ဦးဖြစ်ပြီး တကယ်တမ်းမှာတော့ သူဟာ အသက် 999 နှစ်ရှိပြီဖြစ်တဲ့ အမြီးကိုးချောင်း မြေခွေးတစ်ကောင်ဖြစ်ပါတယ်။ လူသားတစ်ယောက်ဖြစ်လာဖို့အတွက် သူဟာ အမြုတေထဲတွင် လူသားစွမ်းအင်ကို စုဆောင်းထားခဲ့တာဖြစ်ကာ မကြာခင်မှာပဲ လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်တော့မှာပါ။

တက္ကသိုလ်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Lee Dam (Hyeri) ဟာ တစ်နေ့မှာတော့ သူမသူငယ်ချင်းနဲ့ သောက်စားရင်း ဈေးကြီးတဲ့ကားတစ်စီးပေါ်တွင် အိပ်ပျော်သွားခဲ့ပါတယ်။ တကယ်တမ်း ဒီကားရဲ့ပိုင်ရှင်ဟာ Shin Woo-Yeon ဖြစ်နေခဲ့ပြီး Lee Dam က Shin Woo-Yeon ကိုတောင်းပန်ကာ သူငယ်ချင်းကိုခေါ်ဆောင်ဖို့ ရုန်းကန်နေချိန်တွင် Shin Woo-Yeon က သူမကို ကူညီဖို့လုပ်ခဲ့ပါတယ်။

pinterest

အဲဒီအချိန်မှာပဲ သူတို့ရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲသွားစေမယ့် မတော်တဆမှုတစ်ခုဖြစ်လာခဲ့ပြီး Shin Woo-Yeon ရဲ့အမြုတေဟာ သူ့ပါးစပ်ကနေထွက်ကျကာ Lee Dam က ဒါကိုမမျှော်လင့်ဘဲ မျိုချမိသွားခဲ့ပါတယ်။ အမြုတေက သာမန်လူတစ်ဦးရဲ့ကိုယ်ထဲတွင် တစ်နှစ်ထက်ပိုပြီးမနေနိုင်ဘဲ အဲဒီလူရဲ့ကိုယ်တွင်းမှာပဲ အမြုတေက ပျက်စီးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ Lee Dam သေဆုံးပြီး Shin Woo-Yeon ကတော့ လူသားဖြစ်ခွင့်ကို ဆုံးရှုံးသွားရမှာပါ။ Shin Woo-Yeon နဲ့ Lee Dam တို့က သူတို့ရဲ့ပြဿနာကိုဖြေရှင်းရန်အတွက် အတူနေထိုင်ဖို့ဖြစ်လာခဲ့ပြီး တစ်ခါမှချစ်သူမရှိခဲ့ဖူးတဲ့ Lee Dam တစ်ယောက် Shin Woo-Yeon နဲ့ တစ်အိမ်ထဲအတူနေဖို့ဖြစ်လာတဲ့အခါ သူတို့ကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည်နူးဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီနော်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d