Friday, September 22, 2023
HomeEntertainmentလူငယ်များနှင့် သူတို့ရဲ့အိပ်မက်တွေအကြောင်း ရိုက်ကူးထားတဲ့ "Miracle"

လူငယ်များနှင့် သူတို့ရဲ့အိပ်မက်တွေအကြောင်း ရိုက်ကူးထားတဲ့ “Miracle”

ငယ်ရွယ်အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ Luice ဟာ အားလုံးရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ idol တစ်ဦးဖြစ်ပါတယ်။ Luice ဟာ ခုလိုမျိုးထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့ အလုပ်ကြိုးစားခဲ့တာဖြစ်ပြီး သူ့ရဲ့ဂီတကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူသိများသူ ဖြစ်လာခဲ့ပါတယ်။

viu.com

Luice ဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်ပေမယ့် သူဟာအမြဲတမ်း တခြားအနုပညာရှင်တွေက ဒီနေရာကို လုယူသွားမှာကို စိတ်ပူနေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိတွင် လူကြိုက်များလာခဲ့တဲ့ idol အဖွဲ့တစ်ခုဖြစ်တဲ့ ‘N/S’ ကို စိတ်ပူနေခဲ့တာပါ။

တစ်ချိန်က Idol audition တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Min Si Woo ဟာ အကဲဖြတ်ဒိုင်တွေကို လုံးဝအံ့အားသင့်အောင် လုပ်နိုင်ခဲ့ပြီး တစ်နေ့တွင် Luice ထက် ပိုကောင်းမွန်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ကို ကတိပြုခဲ့ဖူးတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ နာမည်ကြီး idol အဖွဲ့ ‘N/S’ ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး သူဟာ သူ့ရဲ့ကတိအတိုင်းလုပ်ဆောင်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။ Si Woo ရဲ့ကျော်ကြားမှုဟာ ဆက်လက်မြင့်တက်လာနေတဲ့အချိန်တွင် So Rin အတွက် သူမဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့် အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

viu.com

Luice က သူမရဲ့အာရုံကိုရအောင် တစ်နည်းနည်းနဲ့ ဆွဲဆောင်နေသလို တစ်ဖက်တွင်လည်း Si Woo က သူ့ဘက်ပါအောင် ဆွဲနေခဲ့တာပါ။ သူတို့နှစ်ယောက်ကြား So Rin တစ်ယောက် သူမရဲ့အိပ်မက်တွေကို တကယ်ပဲအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

Miracle လူငယ်အချစ် ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Chani, Hwiyoung နဲ့ မင်းသမီး Kang Min Ah တို့က အဓိကပါဝင်ထားကြတာဖြစ်ကာ ဒါရိုက်တာ Myung Hyun Woo က ရိုက်ကူးပုံဖော်ထားပါတယ်။ Miracle ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: