Saturday, April 20, 2024
HomeEntertainmentလူငယ်တွေကြား အလှအပက ဘယ်လိုအခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကို ပြသထားတဲ့ "True Beauty"

လူငယ်တွေကြား အလှအပက ဘယ်လိုအခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကို ပြသထားတဲ့ “True Beauty”

စစ်မှန်တဲ့ အလှတရား (True Beauty) ဇာတ်လမ်းတွဲတွင် မင်းသမီး Moon Ga-young, Park Yoo-na, မင်းသား Cha Eun-woo နဲ့ Hwang In-youp တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ စာရေးဆရာမ Yaongyi ရဲ့ နာမည်တူ line webtoon ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ရုပ်ဆိုးတယ်လို့ ထင်မြင်ကြတာကြောင့် အနိုင်ကျင့်ခွဲခြားဆက်ဆံခံရတဲ့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။

Pinterest.com

အသက် 18 နှစ်အရွယ် အထက်တန်းကျောင်းသူ Lim Ju-kyung (Moon Ga-young) ဟာ သူမရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်ဝင်နေသူဖြစ်ပြီး ရုပ်ဆိုးတယ်ဟု အများကထင်မြင်ခြင်းကြောင့် မိသားစုတွင် အမြဲခွဲခြားဆက်ဆံခံရပြီး ရွယ်တူတွေရဲ့ အနိုင်ကျင့်ခြင်းကိုခံရတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အင်တာနက်ပေါ်တွင် မိတ်ကပ်ပြင်နည်းဗီဒီယိုတွေကို အရူးအမူးကြည့်ပြီး မိတ်ကပ်အသုံးပြုနည်းကို စတင်သင်ယူခဲ့ပါတယ်။

ကျောင်းအသစ်သို့မပြောင်းမီမှာ သူမရဲ့လက်ရာတွေက အရမ်းကိုကောင်းမွန်လာခဲ့ပြီး အများက နတ်ဘုရားမဟု တင်စားခေါ်ဝေါ်ရလောက်အောင် အသွင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Ju-kyung ဟာ ရေပန်းစားသူတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူမကိုယ်သူမ ရုပ်ဆိုးတယ်လို့ ထင်မြင်နေဆဲဖြစ်ပြီး တခြားသူတွေက သူမရဲ့မျက်နှာအစစ်အမှန်ကို မြင်တွေ့သွားမှာ အရမ်းကိုစိုးရိမ်နေခဲ့ပါတယ်။

pinterest.com

ချောမောခန့်ညားပြီး လူကြိုက်များတဲ့ သူမရဲ့အတန်းဖော် Lee Su-ho (Cha Eun-woo) ကတော့ သူမမိတ်ကပ်မလိမ်းထားတဲ့ မျက်နှာကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီးသားဖြစ်ပြီး မိတ်ကပ်တွေနဲ့ တခြားတစ်ယောက်လို ပြင်ဆင်ထားပေမယ့် သူကတော့ သူမကိုမှတ်မိနေခဲ့တာပါ။ Su-ho ဟာ ကျောင်းတွင် မိန်းကလေးကျောင်းသူတွေက အရမ်းကိုရေပန်းစားပေမယ့် သူက အာရုံစိုက်ခံရမှုကို မကြိုက်သူဖြစ်ကာ သီးခြားအေးစက်စက် နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ Su-ho ဆီမှာလည်း ကိုယ်ပိုင်အကြောက်တရားတစ်ခုရှိပြီး ဒါကတော့ အချိန်အတော်ကြာခြောက်လှန့်နေတဲ့ အတိတ်က ကြေကွဲဖွယ်အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။

သူနဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Han Seo-jun (Hwang In-youp) တို့ဟာ ဒီအဖြစ်အပျက်ကြောင့် ဝေးကွာခဲ့ရပြီး Seo-jun က Su-ho ကို ဆိုးရွားစွာဆက်ဆံနေခဲ့တာပါ။ Ju-kyung, Su-ho နဲ့ Seo-jun တို့ဟာ နာကျင်မှုတွေကို အတူဝေမျှရင်း အချင်းချင်းနှစ်သိမ့်မှုရှာဖွေရင်းနဲ့ မျှော်လင့်မထားတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားကြပုံကို မြင်တွေ့ရမယ့် အချစ်ဟာသ လူငယ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

စစ်မှန်တဲ့ အလှတရား (True Beauty) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading