လမ်းပြချစ်သူ (Negotiator) ဟာ မင်းသမီး Yang Mi နဲ့ မင်းသား Huang Zitao တို့အဓိကပါဝင်ထားတဲ့ 2018 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ လမ်းပြချစ်သူ (Negotiator) ဇာတ်လမ်းတွဲဟာ rating သတ်မှတ်ချက် 3.5 အထိရရှိထားခဲ့တာ ဖြစ်ပြီး ကြည့်ရှုသူပေါင်း 44,000 အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Liu Yizhi က ရိုက်ကူးထားပြီး Fei Huijun နဲ့ Li Xiaoliang တို့က ဇာတ်ညွှန်းရေးသားထားတဲ့ လမ်းပြချစ်သူ (Negotiator) ဇာတ်လမ်းတွဲဟာ လုပ်ငန်းခွင်အချစ်ဇာတ်လမ်း ပုံစံမျိုးအဖြစ် မြင်တွေ့ကြရမှာပါ။
ဇာတ်လမ်းပုံစံက ထူးချွန်ထက်မြက်တဲ့ စီးပွားရေးစေ့စပ်ညှိနှိုင်းရေးမှူး Tong Wei နဲ့ US-China Business Council ရဲ့ ကုမ္ပဏီအကျိုးစီးပွားအတွက် ကိုယ်စားပြုခန့်အပ်ထားတဲ့ အမှုဆောင်အရာရှိ Xie Xiaofei တို့ရဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Xiaofei ဟာ ချမ်းသာကြွယ်ဝတဲ့ တရုတ်အမေရိကန် ကော်ပိုရေးရှင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်ပေမယ့် မိသားစုစီးပွားရေးနဲ့ မသက်ဆိုင်သူ တစ်ယောက်ဖြစ်ပါတယ်။

Xiaofei က သူ့ရဲ့စိတ်ညစ်စရာ ကိစ္စတွေကို Tong Wei ဆီမှာရင်ဖွင့်ပြောပြရင်းကနေ မျှော်လင့်မထားဘဲ သူတို့ရဲ့ဇာတ်လမ်းလေးဟာ ကြည်နူးဖွယ်ဇာတ်လမ်းလေးအဖြစ်ကို ပြောင်းလဲလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေးက ရှေ့ဆက်ပြီး ဘယ်လိုအပြောင်းအလဲလေးတွေနဲ့ ကြုံတွေ့ရမှာလဲဆိုတာကို ကြည့်ရှုရမယ့် လုပ်ငန်းခွင်အချစ်ဇာတ်လမ်း ဒရာမာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာ မင်းသမီးချော Yang Mi က ဇာတ်ကောင် Tong Wei အဖြစ်ပါဝင်ထားတာဖြစ်ကာ မင်းသား Huang Zitao ကိုတော့ ဇာတ်ကောင် Xie Xiaofei အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ လမ်းပြချစ်သူ (Negotiator) တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။