The Bridge ဟာ မလေးရှား-စင်္ကာပူ မှုခင်းဒရာမာရုပ်သံစီးရီးဖြစ်ပြီး မင်းသမီး Rebecca Lim နဲ့ မင်းသား Bront Palarae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Lee Thean-jeen က ရိုက်ကူးထားကာ Hans Rosenfeldt Måns Mårlind ရေးသားတဲ့ Broen/Bron တီဗီစီးရီးကို ပြန်လည်အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ မလေးရှားနဲ့ စင်္ကာပူနယ်စပ်တွင် ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာပေါ်တွင် အခြေတည်ထားပါတယ်။ နယ်စပ်တံတားပေါ်တွင် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ရာက မလေးရှားဘက်မှ စုံစမ်းစစ်ဆေးသူ စုံထောက် Megat Jamil နဲ့ စင်္ကာပူနိုင်ငံသား စုံထောက် Serena Tao တို့ဟာ ဒီအမှုကို ဖော်ထုတ်ဖို့ ကြိုးစားကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ထူးချွန်ပြောင်မြောက်ပြီး အလုပ်အပေါ် ကျွမ်းကျင်ပိုင်နိုင်မှု၊ ကောင်းမွန်စွာ ပြင်ဆင်မှုတွေနဲ့ တရားမျှတမှုတွေအတွက် အတူတကွ စုံစမ်းစစ်ဆေးကြပုံကို ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်းသည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်။
The Bridge သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။