Thursday, June 1, 2023
HomeEntertainmentယောက်ျားလေးသုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း "Ossan’s Love"

ယောက်ျားလေးသုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း “Ossan’s Love”

Ossan’s Love ဇာတ်လမ်းတွဲဟာ 2021 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ ဟောင်ကောင်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး HK Television Entertainment ကနေထုတ်လုပ်ထားကာ Viu ရဲ့ original series တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ 2018 ဂျပန်ဒရာမာကိုအခြေခံထားတဲ့ အမည်တူစီးရီးတစ်ခုဖြစ်ပြီး သူဌေးနဲ့ အခန်းဖော်တို့ကြား သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖန်တီးမိတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

viu.com

Tin (Edan Lui) ဟာ သူ့ရဲ့ဘဝကို တစ်ကိုယ်တည်းအဖြစ် တစ်သက်လုံးဖြတ်သန်းလာခဲ့ပြီး ချစ်သူထားဖို့ မအောင်မြင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့သူဌေး KK (Kenny Wong) ဟာ သူ့ရဲ့ဓာတ်ပုံတွေကို လျှို့ဝှက်သိမ်းဆည်းထားတာကို တွေ့လိုက်ရပြီး သူဌေးဖြစ်သူက သူ့ကိုချစ်နေကြောင်း သိလိုက်ရပါတယ်။

KK ဟာ Tin နဲ့အတူရှိနိုင်ဖို့ အနှစ် 20 ပေါင်းသင်းလာခဲ့တဲ့ သူ့ရဲ့ဇနီး Francesca (Rachel Kan) ကို မကြာခင်ကွာရှင်းတော့မှာဖြစ်ကြောင်း Tin ကို ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် Tin ဟာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဖြစ်သူ Muk (Anson Lo) ကိုလည်း ချစ်မိနေကြောင်း သူ့သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ပြောပြခဲ့တာပါ။

viu.com

ရှုပ်ထွေးလှတဲ့ အချစ်ရေးအခြေအနေကြားတွင် Tin တစ်ယောက် ငယ်သူငယ်ချင်း Tze-chin (Asha Cuthbert) ထံမှာ အကြံဉာဏ်ကိုရယူကာ သူ့ရဲ့ခံစားချက်တွေက KK အပေါ်တွင် လေးစားမှုသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Tin ဟာ ယောက်ျားတစ်ယောက်နဲ့ချိန်းတွေ့ဖို့ကို အရင်ကဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် Muk ရဲ့ ဂရုစိုက်မှုနဲ့ နားလည်မှုတွေကြားမှာ တဖြည်းဖြည်းနဲ့ကျရှုံးပြီး ချစ်မိသွားခဲ့ပါတယ်။

Ossan’s Love ဟောင်ကောင်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: