Thursday, June 1, 2023
HomeEntertainmentယောက်ျားနှစ်ယောက်ကြား ဗျာများနေရတဲ့ မိန်းကလေးတစ်ဦးရဲ့ချစ်ဇာတ်လမ်း "လက်ထပ်ပါရစေ"

ယောက်ျားနှစ်ယောက်ကြား ဗျာများနေရတဲ့ မိန်းကလေးတစ်ဦးရဲ့ချစ်ဇာတ်လမ်း “လက်ထပ်ပါရစေ”

ကေသီတစ်ယောက် သူမရဲ့မွေးနေ့ပွဲ ကျင်းပအပြီး တစ်လခန့်အကြာမှာတော့ လုံးဝမျှော်လင့်မထားတဲ့ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ဆရာဝန်ရဲ့ ပြောစကားကြောင့် အရမ်းကိုအံ့သြတုန်လှုပ်ခဲ့ရပါတယ်။ သူမကိုယ်တိုင် မသိတဲ့အဖြစ်ကြောင့် ဒီကိုယ်ဝန်ဟာ ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်များလဲ။ မွေးနေ့ပွဲညရဲ့ အဖြစ်အပျက်ကို လုံးဝမမှတ်မိတော့တဲ့ ကေသီတစ်ယောက် ကလေးအဖေအဖြစ်ရော သူမဘဝရဲ့လက်တွဲဖော်ကိုပါ ရွေးချယ်ရဖို့ ဖြစ်လာပါတော့တယ်။

youtube.com

ဒါပေမယ့် ကေသီ့ဘဝနဲ့ သူမဗိုက်ထဲက ကလေးလေးအတွက် တာဝန်ယူဖို့အသင့်ဖြစ်နေကြတဲ့ ရွေးချယ်ရမယ့် လူနှစ်ယောက်ရှိနေခဲ့တာဖြစ်ပြီး တစ်ယောက်ကတော့ သူမအတွက် အသင့်တော်ဆုံးလို့ထင်ရတဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို သူမအပေါ်လည်း ချစ်မြတ်နိုးတန်ဖိုးထားတဲ့ အဲလစ်နဲ့ သူမရဲ့အနိုင်ကျင့်ရင့်သီးမှုတွေကို သည်းခံပြီး အမြဲတမ်းအလိုက်သိတတ်ပြီး သူမရဲ့အချစ်ကိုမျှော်လင့်နေတဲ့ မောင်လေး တော်ဝင်ပဲ ဖြစ်ပါတယ်။

youtube.com

ရွေးချယ်ရခက်တဲ့ သူတို့နှစ်ယောက်ကြား ကေသီရဲ့ရွေးချယ်မှုကရော ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ‘လက်ထပ်ပါရစေ’ မြန်မာရုပ်ရှင်ဇာတ်ကားတွင် ထွန်းကိုကို၊ ခါရာ၊ ရဲအောင်၊ အားဝေနဲ့ မေသန်းနုတို့က ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

‘လက်ထပ်ပါရစေ’ မြန်မာရုပ်ရှင်ဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: