Monday, May 29, 2023
HomeEntertainmentမိသားစုတွေပြန်လည်ဆုံစည်းကြဖို့အတွက် စွန့်စားခန်းထွက်မယ့် "Shoorveer Sister"

မိသားစုတွေပြန်လည်ဆုံစည်းကြဖို့အတွက် စွန့်စားခန်းထွက်မယ့် “Shoorveer Sister”

2017 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ ရွှေမင်းသမီးရဲ့ စွန့်စားခန်း (Shoorveer Sister) ဇာတ်လမ်းတွဲဟာ အိန္ဒိယဘင်္ဂါလီဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Rajat Paul နဲ့ Suman Das တို့က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Saat Bhai Champa ရိုးရာပုံပြင်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Promita Chakraborty, Sudipta Banerjee, Sonali Chowdhury, မင်းသား Rudrajit Mukherjee နဲ့ Samrat Mukherjee တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက Surjanagar ပြည်ကိုအုပ်ချုပ်တဲ့ ဘုရင်ကြီး Mahendra ရဲ့ မိဖုရားကြီး Manimallika ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ တခြားမိဖုရားတွေကို ဦးဆောင်ပြီး သတ္တမမြောက် မိဖုရားဖြစ်သူ Padmavati ရဲ့ သားတော်ခုနစ်ယောက်နဲ့ သမီးတော်လေးတစ်ယောက်ကို သတ်ရန်ကြိုးစားကြပါတယ်။

အဲဒီနောက်မှာတော့ သားတော်ခုနစ်ယောက်ဟာ စကားဝါပန်းတွေဖြစ်သွားခဲ့ကြပြီး သမီးတော်လေး Parul ကိုတော့ အစေခံဖြစ်သူက ကယ်တင်ထားခဲ့ပါတယ်။ စွန့်စားခန်းတွေတစ်လျှောက်တွင် မင်းသမီး Parul ဟာ သူမရဲ့နှစ်ရှည်လများပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုခုနစ်ယောက်ကို ပြန်လည်အသက်ရှင်နိုင်အောင် ကယ်တင်ပြီး သူမတို့ရဲ့မိသားစုပြန်လည်ပေါင်းစည်းနိုင်အောင် ကြိုးစားမှုတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

youtube.com

မင်းသမီး Parul ရဲ့ လမ်းခရီးတစ်လျှောက်တွင် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ တွေ့ကြုံရပြီး ဘယ်လိုမျိုးရင်ဆိုင်ကျော်လွှားသွားမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ်ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ ရွှေမင်းသမီးရဲ့ စွန့်စားခန်း (Shoorveer Sister) အိန္ဒိယဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: