Monday, May 29, 2023
HomeEntertainmentမိုးရာသီရဲ့လေးပွင့်ဆိုင်အချစ်အလွမ်း ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတဲ့ ‘ဒဏ္ဍာရီမိုး’

မိုးရာသီရဲ့လေးပွင့်ဆိုင်အချစ်အလွမ်း ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတဲ့ ‘ဒဏ္ဍာရီမိုး’

ဒဏ္ဍာရီမိုး မြန်မာရုပ်ရှင်ဇာတ်ကားကြီးဟာ 2019 ခုနှစ်က ပြသခဲ့တဲ့ အချစ်ဒရာမာဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ဝင်းလွင်ထက်ကရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇာတ်ညွှန်းရေးဆရာ မိုးနီလွင်ကရေးသားပြီး လူညိုအဖြစ် ရဲတိုက်၊ ဒီလှိုင်းအဖြစ် ဒေါင်း၊ မိုးတိမ်ညိုအဖြစ် ရွှေထူး နဲ့ မိုးနှောင်းအဖြစ် ဝတ်မှုံရွှေရည်တို့က ပါဝင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

youtube.com

ဒဏ္ဍာရီမိုးဇာတ်ကားဟာ အလွမ်းဓာတ်ခံရှိသူတိုင်း ကြည့်သင့်တဲ့ မိုးရာသီအချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပြီး စာရေးဆရာ မိုးတိမ်ညိုရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စာအုပ်တွေကိုချစ်မြတ်နိုးတတ်တဲ့ ကော်ဖီဆိုင်ပိုင်ရှင်မလေး မိုးနှောင်းရဲ့ အချစ်ဇာတ်လမ်းလေးကို ပြသထားတာ ဖြစ်ပါတယ်။

youtube.com

သူမအားပေးချစ်ခင်ရတဲ့ စာရေးဆရာ မိုးတိမ်ညိုက စာအုပ်တွေကို ကိုယ်တိုင်ရေးသားနေတာ မဟုတ်ဘဲ အမည်ခံအဖြစ်သာ ရေးသားနေမှန်း မိုးနှောင်းသိလိုက်ရတဲ့အခါ အမှန်တရားကို ဖော်ထုတ်ဖို့ သူမကြိုးစားပါတော့တယ်။ စာရေးဆရာ မိုးတိမ်ညိုနဲ့ မိုးနှောင်းရဲ့ပတ်သက်မှုကို မကျေမနပ်ဖြစ်နေတဲ့ မိုးနှောင်းရဲ့သူငယ်ချင်း ဒီလှိုင်းနဲ့ မိုးတိမ်ညိုရဲ့နောက်ကွယ်က ကြိုးကိုင်သူ လူညိုတို့ရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းကို ကြည့်ရှုရမှာပါ။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: