Thursday, June 1, 2023
HomeEntertainmentမွေးနေ့နဲ့ပတ်သက်တဲ့ အမှတ်တရဆိုးတွေရှိခဲ့သူတွေအကြောင်း ကြည့်ရမယ့် "Unhappy Birthday"

မွေးနေ့နဲ့ပတ်သက်တဲ့ အမှတ်တရဆိုးတွေရှိခဲ့သူတွေအကြောင်း ကြည့်ရမယ့် “Unhappy Birthday”

လူတစ်ယောက်ရဲ့ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးသော နေ့လေးဖြစ်ပါတယ်။ ဒါပေမယ့် တချို့အတွက်ကတော့ နောက်တစ်ကြိမ်မလိုချင်တော့တဲ့ နာကျင်မှုတွေကြောင့် ဒီနေ့ကို လုံးဝမဖြတ်သန်းချင်လောက်အောင် မေ့ဖျောက်ထားဖို့လိုအပ်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

Meena နဲ့ Kuea တို့ဟာ တက္ကသိုလ်တက်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြပါတယ်။ Chat ဟာ Meena ရဲ့ ရည်းစားဟောင်းဖြစ်ကာ သူဟာ တာဝန်ယူစိတ်လုံးဝမရှိတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့လုံးအရက်တွေသောက်ကာ ပါတီတွေတက်နေရတာကို ကြိုက်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Meena ဟာ သူမရဲ့ဆက်ဆံရေးတွင် ခံစားရသမျှအရာတွေကို ရင်ဖွင့်ပြောပြတဲ့အခါတိုင်း Kuea ဟာ အမြဲတမ်းနားထောင်ပေးတတ်တာ ဖြစ်ပါတယ်။

pinterest.com

Meena ဟာ Chat နဲ့လမ်းခွဲပြီးနောက်မှာတော့ Kuea နဲ့ အချစ်ရေးသစ်ကို စတင်ခဲ့တာဖြစ်ပြီး အရာအားလုံးက အဆင်ပြေကောင်းမွန်နေပုံရပါတယ်။ Kuea ကတော့ Chat နဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး သူမပျော်ရွှင်ဖို့အတွက် ဘာမဆိုလုပ်ဆောင်ပေးခဲ့တာပါ။ နောက်ပြီး Kuea က နှစ်စဉ်နှစ်တိုင်း Meena အံ့သြသွားစေမယ့် မွေးနေ့ပါတီပွဲလေးကို ဖန်တီးပေးခဲ့ဖူးတာပါ။ Meena က လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်တဲ့သူဖြစ်ပြီး Kuea က ရင့်ကျက်ပြီးအေးဆေးတည်ငြိမ်သူ တစ်ယောက်ဖြစ်ပါတယ်။ Meena တစ်ယောက် သူမအပေါ်အရမ်းကို ကောင်းလွန်းတဲ့ Kuea နဲ့ သူမအပေါ် ဂရုစိုက်မှုမပေးနိုင်ပေမယ့် ဘဝကိုပိုအရောင်အသွေး စုံလင်စေတဲ့ Chat တို့ကြား ဘယ်သူ့ကိုရွေးချယ်မှာလဲ။

pinterest.com

Nam ဆိုတဲ့ အမျိုးသမီးလေးဟာလည်း သူမရဲ့မွေးနေ့တွင် လမ်းခွဲသွားခဲ့တဲ့ အမျိုးသားသုံးယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် သူမဘဝထဲ ပြန်ဝင်ရောက်လာတဲ့အခါမှာတော့ သူမရဲ့ရွေးချယ်မှုက ဘာဖြစ်မလဲ။ Nam က ဒီအမျိုးသားသုံးယောက်ထဲက တစ်ယောက်ယောက်ကို သူမဘဝထဲ ဆက်လက်ရှိနေစေမှာလား ဒါမှမဟုတ် စွန့်လွှတ်လိုက်မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။

Unhappy Birthday ထိုင်းဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Sammy Cowell, Mint Nutwara Vongvasana, မင်းသား Push Puttichai Kasetsin နဲ့ Porshe Saran Sirilak တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး အချစ်ဒရာမာအမျိုးအစား ဖြစ်ပါတယ်။

Unhappy Birthday ထိုင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: